Friday, 31 October 2014

The Room

3Dရုပ်​ထွက်​အကြည်​နဲ့ စိတ်​ဝင်​စားဖွယ် ဦး​ဏှောက်​သုံးပြီး လှို့ဝှက်​ပစ္စည်း​တွေရှာရင်း levelအဆင့်​ဆင့်​​ကျော်​ဖြတ်​ရမယ့်​ The Room Gameပါ play storeမှာ ဝယ်​ယူမှ​ဆော့လို့ရမယ့်​ဂိမ်းဖြစ်​ပါတယ်​ ဒီမှာ​တော့ ကစားချင်​တယ်​ဆို ဘာadvertisementမှမပါပဲအလွယ်​တကူ free ​ဒေါင်းယူသွားနိုင်​ပါတယ်​ခင်​ဗျ။


Sunday, 7 September 2014

တောင်​ကြီးသားတစ်​စုတို့ရဲ့ albumသစ်​ ``ချယ်​ရီ​နွေဦး´´

တောင်​ကြီးသားတစ်​စုတို့ရဲ့ albumသစ်
 ``ချယ်​ရီ​နွေဦး´´



        ဝယ်​ရပြုရခက်​ခဲ​နေတဲ့ ကိုယ်​တို့လိုအ​ဝေး​ရောက်​ ​ဘော်​ဒါ​တွေအတွက်​ တစ်​​ခွေလုံးကို rar fileနဲ့ချုပ်​ပြီးတင်​​ပေးလိုက်​ပါတယ်

ချယ်​ရီ​နွေဦး rar fileကို ​ဒီမှာနှိပ်​ပြီးဒေါင်းပါ


unrar pro​ကိုဒီမှာနှိပ်​ပြီး ​ဒေါင်းပါ


ပထမဆုံးအ​ပေါါ်mediafire linkက​နေ``ချယ်​ရီ​နွေဦး´´rar fileကို​ဒေါင်းပါ
ပြီးရင်​ rarဖြည်​ဖို့ unrar proကို ဒေါင်းပြီးဖိုင်​ကိုဖြည်​လိုက်​ပါ mp3တစ်​ပုဒ်​ချင်းစီရလာပါလိမ့်​မယ်​။
  အဆင်​​ပြေပါ​စေ။  :):)

Sunday, 24 August 2014

who view my profile apkသုံးရာမှာ 1 to 10 hidden ဖြစ်​​နေသူတို့အတွက်



who view my profile apk နဲ့ကိုယ့်​ facebook timelineကိုဘယ်​သူ​တွေအများဆုံးဝင်​ကြည့်​လဲဆိုတာ1က​နေ15​ယောက်​အထိကြည့်​လို့ရပါတယ်​။
free installလုပ်​ပြီးကြည့်​ရင်​​တော့ 11က​နေ15အထိ​အောက်​ဆုံး5​ယောက်​ပဲ freeကြည့်​ခွင့်​ရပါတယ်​။ play storeမှာသူ့ apkကိုrate​ပေးခဲ့မယ်​ဆိုရင်​​တော့ 15​ယောက်​စလုံးကို တခါကြည့်​ခွင့်​​ပေးပါတယ်​။ အမြဲတမ်းကြည့်​လို့ရချင်​ရင်​​တော့ ပိုက်​ဆံ​ပေးပြီးဝယ်​ရမှာပါ။အခုကမဝယ်​​တော့ပဲ freedom apkက​နေpaid လုပ်​နည်း​လေးတင်​​ပေးလိုက်​ပါတယ်​။ဒီfreedomက အခြား​သော apk​တွေ game​တွေကိုလဲpaidလုပ်​လို့ရပါ​သေးတယ်ခင်​ဗျ။။freedomကိုအသုံးပြုမယ်​ဆိုရင်​​တော့ မိမိတို့ရဲ့ဖုန်း​တွေကိုrootလုပ်​ထားဖို့လိုပါလိမ့်​မယ်​။

လိုအပ်​တဲ့ apkနှစ်​ခုကို ဒီမှာယူလို့ရ​အောင်​တင်​​ပေးထားပါတယ်​။

ဒါက Freedom Apk ပါ။

http://www.mediafire.com/?ovmtqjt971naptd

ဒါက​တော့ Who View My Profile Apk
Who view my profile apkပါ။

https://www.dropbox.com/s/uxm92vm9qcns46r/WhoViewMyProfile.apk?dl=0

လုပ်​ရတာလဲလွယ်​ကူပါတယ်​ freedomထဲက​နေဝင်​ပြီးလုပ်​ယုံပါပဲ။အောက်​က ကျွန်​​တော်​နမူနာလုပ်​ပြထားတဲ့video​လေးကြည့်​တာနဲ့တင်​သ​ဘော​ပေါက်​ကြမှာပါ။

Click here to see video

အဆင်​​ပြေပါ​စေ။

Monday, 18 August 2014

ထိုင်း​မော်​ဒယ်​လ်​​လောကအတွင်းနာမည်​ကြီးလာ​သော ​တောင်​ကြီးသူ​လေး

ထိုင်း မော်ဒယ် လောကအတွင်း တောင်ကြီး ထွန့်ပုံး သူလေး နာမည် ကြီးနေ

သျှမ်းသံတော်ဆင့်
ဩဂတ်စ်လ ၁၅ ရက် ၂၀၁၄

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ရွှေ့ပြောင်း အလုပ်သမား အဖြစ်ရောက်ရှိ အလုပ်လုပ်နေသော သျှမ်းပြည်တောင်ပိုင်းမှ အမျိုးသမီးတဦး ရုပ်ရည်ချောမောလှပမှုကြောင့် ချင်းမိုင်မြို့တွင် မော်ဒယ်အလုပ်တဖက် စားသောက်ဆိုင်စားပွဲထိုး အလုပ်တဖက်ဖြင့် ထိုင်းမော်ဒယ်အသိုင်းအဝိုင်း နှင့် သတင်းမီဒီယာလောက တွင် ယခုလအတွင်း နာမည်အထူးကြော်ကြားလာသည်။

ဩဂတ်စ်လ ၁၈ ရက်က သျှမ်းသံတော်ဆင့်သတင်းဌာန ဝိုင်းတော်သားများက အဆိုပါအမျိုးသမီးအလုပ်လုပ် နေသည့်နေရာသို့သွားရောက်ကာ တွေ့ဆုံမေးမြန်းရာတွင် ထိုင်းနိုင်ငံသို့ရောက်ရှိအလုပ်လုပ်ကိုင်နေသည်မှာ ၇ နှစ်ရှိပြီဖြစ်ကြောင်း ၎င်းက ဤကဲ့သို့ ပြောပြသည်။

“သျှမ်းနာမည်က နန်းနွတ် အသက် ၂၅ နှစ် ပါ။ ဒီရောက်တော့ အလုပ်ရှင်တွေက နောင့်နဲန်း လို့ ခေါ်ကြပါတယ်။ ကျမ သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်ထဲက ပုံးအင်းဒေသကပါ။ မိဘတွေကတော့ လယ်ယာလုပ်ကိုင်ကြ ပါတယ်။ ကျမတို့ မောင်နှမ သုံးယောက်ရှိပါတယ်။ အခုဒီမှာ အမ နန်းဆိုင်ဟွမ် နဲ့အတူတူ အလုပ်လုပ်နေပါတယ်။” ဟု ထိုင်းမော်ဒယ် တဖြစ်လည်း ရွှေ့ပြောင်းအလုပ်သမား နန်းနွတ်က ပြောသည်။

နန်းနွတ်သည် ယခုလက်ရှိ ချင်းမိုင်မြို့ ဆန်ဖီဆေ့ရပ်ကွက် “လပ်တုန့်ယန်” အမည်ရှိ စားသောက်ဆိုင်တခုတွင် စားပွဲထိုးအလုပ်လုပ်နေပါသည်။

နန်းနွတ် ခေါ် နောင့်နဲန်းတွင် ရုပ်ရည်လှပမှုကြောင့် ဓါတ်ပုံအဖွဲ့က ခေါ်ယူက မဂ္ဂဇင်း၊ ဝတ်စားဆင်ယင်မှုအတွက် မော်ဒယ်ဓါတ်ပုံ ကြော်ငြာ ရိုက်ခိုင်းနေသည်မှာ ၂ နှစ်ကျော် ၃ နှစ်ရှိနေပြီဖြစ်ကြောင်း ပြောပါသည်။

ထိုမတိုင်ခင်က သက်ကြီးပြုစုသည့်အလုပ်၊ စားသောက်ဆိုင်များတွင်စားပွဲထိုးအလုပ်မှအစ ဆောက်လုပ်ရေးအလုပ် ပါမချန် လုပ်ကိုင်ခဲ့ဖူးကြောင်း၊ လက်ရှိစားသောက်ဆိုင်တွင်ရောက်ရှိအလုပ်လုပ်ကိုင်နေသည်မှာ ၅ နှစ်ခန့်ရှိပြီဖြစ် ကြောင်းပြောဆိုပါသည်။

“ဆိုင်မှာလာစားနေကျ ဖောက်သည်တွေက မကြာခဏ ဓါတ်ပုံအတူတူရိုက်ကြရာကနေ မော်ဒယ်ရိုက်ဖို့ အထိဖြစ် လာတာပါ။ ကျမကိုယ်တိုင်ကတော့ ဘာမှ မသိမတတ်ပါဘူး။ အသင်းအဖွဲ့တွေက သင်ကြားပေးလို့ ဖြစ်လာတာပါ။” ဟုဆိုပါသည်။

ချင်းမိုင်သျှမ်းစာပေယဉ်ကျေးမှုအသင်း သျှမ်း နှစ်သစ်ကူးပွဲတော် ဖြစ်မြောက်ရေး၊ သျှမ်းလူမှုအသိုင်းအဝိုင်းတွင် ပါဝင်လှုပ်ရှားဖို့ နန်းနွတ် ပြောထားသည်ဟု လည်း ဥက္ကဌ စိုင်းဆိုင်ယ ကပြောသည်။

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ပုံးအင်းဒေသ သည် တောင်ကြီးမြို့ အရှေ့တောင်ဘက် မိုင် ၂၀ ကျော်အကွာတွင် တည်ရှိသည်။ ယခင်က တောင်ကြီးမြို့နယ်အတွင်းပါဝင်သော်လည်း လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အသက်ရှင်လာသည့်နောက်ပိုင်း ပုံးအင်းဒေသသည်လည်း သုံးပိုင်းကွဲကာ ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ် နှင့် တောင်ကြီးမြို့နယ် ကျောက်တလုံးမြို့ နယ်ခွဲ အတွင်း ပါဝင်သွားသည်။









ရွှေထဲတွင် အလေးချိန်များစေရန် သံ များထည့်သွင်းပြီးလိမ်လည်ရောင်း


ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသူ/သားများအားလုံး ရွှေဝယ်လျင်​သတိထားရန်
ယခု ရွှေထဲတွင် အလေးချိန်များစေရန် သံ များထည့်သွင်းကာလိမ်လည်ရောင်းနေသည်ဟူ​သောသတင်းများonline တွင်ပြန့်​နှံ့​နေ၏။မိမိ၏ရွှေထဲတွင်​ သံ များရှိနေသည်ကိုသိပြီး မိမိဝယ်ခဲ့​သောဆိုင်၌ပြန်သွားရောင်းလျှင်ဆိုင်မှ လက်မခံဟုဆိုသည်။ ဆိုင်နှင့်​မဆိုင်ကြောင်းငြင်းပယ်ခံရလိမ့်မည် ဟုဆို​ကြောင်းသိရသည်​။

Friday, 15 August 2014

"မကြံ​ကောင်းမစည်​ရာ ကဗ္ဘောဒီးယားနိုင်ငံမှ ဗုဒ္ဓ၀င်စားသူဆိုပြီးလိမ်​ညာ​နေသူတစ်ယောက်အကြောင်း"

(ဗုဒ္ဓ၀င်စားဟု လိမ်ညာနေခြင်းအကြောင်း) 
တဆင့်ပြန် share ထားတာပါ 
~~~~~~~~~~~~~~~~~~~~~~~~~~
(ဗုဒ္ဓ၀င်စားဟု လိမ်ညာနေခြင်းအကြောင်း) 
တဆင့်ပြန် share ထားတာပါ 
~~~~~~~~~~~~~~~~~~~~~~~~~~

"ကဗ္ဘောဒီးယားနိုင်ငံမှ ဗုဒ္ဓ၀င်စားသူတစ်ယောက်အကြောင်း"
အသက်အားဖြင့်၆၅ နှစ်အရွယ်ရှိအမျိုးသားတစ်ယောက်က သူ့ကိုသူ ဗုဒ္ဓ ပရိနိဗ္ဗာန်စံပြီး နောက်လူ့ပြည်မှာပြန်လည်မွေးဖွားလာခြင်းဖြစ်ပါတယ်ဆိုပြီးပြောနေပါတယ်။
သူ့ရဲ့အပြောအဆိုတွေက အကွကျတိကျအောင်ပြောဆိုနိုင်တဲ့အတွက် ကဗ္ဘောဒီးယားနိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်တွေကအစ ယုံကြည်တဲ့အပြင် အချို့သောဘုန်းတော်ကြီးများတောင် သက်ဝင်ယုံကြည်ကြတဲ့အတွက် ပူဆော်ခြင်း အလှူဒါနပြုလုပ်ခြင်းများနဲ့ သူ့ရဲ့မိန့်ကြားချက်မှန်သမျှကို ယုံယုံကြည်ကြည်နဲ့ နာခံနေကြပါတယ်။
သူ့ရဲ့ဂုဏ်သတင်းပျံ့နှံ့ကြီးမားမှုတွေ့ကြောင့် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တစ်ချို့သောထိုင်းလူမျိုးများကတောင် သူသတင်းသုံးနေထိုင်တဲ့ ဘုန်းကြီးကျောင်းကိုရအောင်ရှာပြီး ရှိခိုးပူဇော် အလှူအတန်းလုပ်ဖို့ရန်အတွက် ရောက်ရှိလို့လာခဲ့ပါတယ်။
သူ့ရဲ့ဓါတ်ပုံများဟာလည်း အွန်လိုင်းလောကမှာပျံ့နှံ့လျှက်ရှိနေပြီး တစ်ချို့သောပုံတွေဟာ ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့သတင်းသုံးပုံစံအတိုင်း ဖြတ်ညှပ်ကပ် ဖိုတိုရှော့ များလုပ်၍ဖြန့်ဝေထားတာကိုလည်းမြင်တွေ့ခဲ့ရပါသေးတယ်။
ပြီးတော့ ဗုဒ္ဓဘုရားရှင်ရဲ့ ပရိနိဗ္ဗာန်ချိန် လူနတ်ဗြမ္မာအပေါင်းတို့ ၀မ်းနည်းနေကြပုံကိုလည်း သူ့ မြတ်စွာဘုရားရှင်ရဲ့ဦးခေါင်းတော်နေရာမှာ သူ့ဦးခေါင်းနဲ့အစားထိုးရေးဆွဲထားပုံကို သူနေထိုင်တဲ့ဘုန်းကြီးကျောင်းမှာ ချိပ်ဆွဲထားတာကိုလည်း မြင်တွေ့ခဲ့ရပါသေးတယ်။
ဒီလိုအဖြစ်ပျက်မျိုးလုံးဝမဖြစ်နိုင် သလို၊ ဘုန်းကြီးများနဲ့ အရာရှိအကြီးအကဲများအထိ ရအောင်လိမ်ခဲ့တယ်ဆိုတော့ သူ့ရဲ့လိမ်ကွက်တွေက တော့်တော့်ကိုဆရာကျတယ်လို့ပဲပြောရပါလိမ့်မယ်။
(မိတ်ဆွေတို့အားလုံးလည်း ဗုဒ္ဓမြတ်စွာဘုရားရှင်က လူဝင်စားတယ်ဆို့တဲ့ ဒီလိုအဖြစ်ပျက်ဟာ တစ်ကယ်ဖြစ်လာနိုင်တယ်လို့ယုံကြည်နေတဲ့သူများရှိနေပါသလား။)
Cr: Phayathonezu City Image Galleries - ဘုရားသုံးဆူမြို့ အလှပုံရိပ်များ







Thursday, 14 August 2014





file manager pro apk​လေးတင်​​ပေးလိုက်​ပါတယ်​ proဆိုတဲ့အတိုင်း feature​တွေအစုံအလင်​နဲ့အရမ်းသုံး​ကောင်းပါတယ်။rootရှိသမား​တွေအတွက်​root exploreအဖြစ်​လဲအသုံးပြုနိုင်​ပါ​သေးတယ်​။play storeမှာ 109.99Bahtတန်​ apkပါ။ဒီမှာ​တော့free ရယူသွားလိုက်​ပါခင်​ဗျ။

click me to download

အဆင်​​ပြေပါ​စေ။



မြန်​မာဘာသာနဲ့ Line sticker​လေး​တွေတခြား facebookတို့ viberတို့မှာပြန်​သုံးချင်​ကြတဲ့သူ​တွေအတွက်​ zip file​လေးနဲ့ချုပ်​ပြီးတင်​​ပေးလိုက်​ပါတယ်
အောက်​က Drop box linkက​နေအလွယ်​တကူ ​ဒေါင်းယူနိုင်​ပါတယ်​ခင်​ဗျ။

click me to download

Zip ဖိုင်​နဲ့တင်​ထားတာဖြစ်​လို့ zipဖြည်​ဖို့root userတို့အတွက်​ root exploreကို ဒီမှာနှိပ်​ပြီး​ဒေါင်းယူနိုင်​ပါတယ်​ခင်​ဗျ။ အဆင်​​ပြေကြပါ​စေ :):):)

Wednesday, 13 August 2014


သတ္တုကိုယ်ထည်ဖြင့် ပြုလုပ်ထားသော Samsungရဲ့မျိုးဆက်​သစ်​ စမာတ်​ဖုန်းGalaxy Alpha 




Galaxy Alpha ဟုခေါ်သော သတ္တုကိုယ်ထည်ဖြင့် ပြုလုပ်ထားသည့် စမတ်ဖုန်းတစ်မျိုးကို Samsung က ယနေ့တွင် မိတ်ဆက်ပေးခဲ့သည်။
Galaxy Alpha သည် အလွန်ပါးလွှာသည့် Android ဖုန်းတစ်ခု ဖြစ်ပြီး အထူ ၆.၇ မီလီမီတာသာရှိသည်။ ၄.၇ လက်မ quad-core နှင့် octa-core processor, 720p display, 12-megapixel camera နှင့် 1860mAh ဘက်ထရီတို့ပါဝင်သည်။ ၎င်းကို စက်တင်ဘာလတွင် ရောင်းချမည်ဖြစ်ပြီး တန်ဖိုးကို Samsung မှ ကြေညာထားခြင်း မရှိသေးပေ။
Samsung Galaxy Alpha ၏ ဒီဇိုင်းသည် အခြားသော Samsung ဖုန်းများနှင့် မတူသည်မှာ စိတ်ဝင်စားစရာ အချက်ဖြစ်သည်။ Samsung ကမူ အဆိုပါဖုန်းကို Galaxy ဒီဇိုင်း တိုးတက်ပြောင်းလဲမှု ဟု ခေါ်ဆိုထားသည်။ သို့သော်လည်း Galaxy S5 ဒီဇိုင်းနှင့် အလွန်ကွဲပြားမှုမရှိဘဲ S5 ကဲ့သို့သော removable back cover ကို အသုံးပြုထားသည်။ ၎င်းကို အနက်ရောင်၊ အဖြူရောင်၊ ရွှေရောင်၊ အပြာရောင် စသည့် အရောင်လေးမျိုးဖြင့် ရရှိနိုင်သည်။

Ref: TheVerge

Tuesday, 12 August 2014

ရွှေတိဂုံ စေတီတော် အောက်က လျို့ဝှက် ချက် ၂ ခု ကို သိခဲ့သော အာမေးနီးယန်း လူမျိုး



ရွှေတိဂုံ စေတီတော် အောက်က လျို့ဝှက် ချက် ၂ ခု ကို သိခဲ့သော အာမေးနီးယန်း လူမျိုး

ဗုဒ္ဓဘာသာ ဝင် မြန်မာ လူမျိုး တို့ရဲ့ ယုံကြည် ကိုးကွယ်ရာ စေတီတော် ကြီး ဖြစ်တဲ့ ရွှေတိဂုံ စေတီ တော်ကြီး အောက် မှာ ပင်လယ်ရေ အတက် အကျ အလိုက် ရေ အနိမ့်အမြင့် ဖြစ်ပေါ် စေတဲ့ (၁၀) ပေ ပတ်လည် လောက် ရှိတဲ့ ရေတွင်း နဲ့ အဲဒီ ရေတွင်း ထဲမှာ (၆) ပေခွဲ လောက် ရှိပြီး ရတနာ များ စီချယ် ထားတဲ့ ရွှေလှေ တစ်စီး ရှိတယ် လို့မျက်မြင် ကိုယ်တွေ့ ကြုံဖူး ခဲ့တဲ့ မြန်မာ နိုင်ငံ ဖွား အာမေးနီးယား လူမျိုး ဒီအက်စ် အပရမေ က ပြောကြား ခဲ့တယ် လို့ ၁၃. ၃. ၆၈ နေ့ထုတ် ကြေးမုံ သတင်းစာ မှာ ဖော်ပြ ခဲ့တာ ကို ကျီးမနိုး တင်ဝင်း (ပေါင်းတည်) ရဲ့ ပြန်လည် ဖော်ပြ ချက် အရ သိရှိ ရပါတယ်။

မစ္စတာ အပရမေ ကို ကြေးမုံ သတင်းစာ က တွေ့ဆုံ မေးမြန်း ရာမှာ ၁၉၀၄ ခု၊ သူ့ရဲ့ အသက် (၇) နှစ်သား အရွယ် မှာ သူငယ်ချင်း တွေ နဲ့ အတူ ရွှေတိဂုံ ဘုရား ကို သွားရောက် ခဲ့တယ်။ ရွှေတိဂုံ ရင်ပြင်တော် ရဲ့အရှေ့ မြောက် ထောင့်၊ တနင်္ဂနွေ ထောင့်ရှိ ဌာပနာ တိုက်ဝ ကို ရောက်တဲ့ အခါမှာ ရသေ့ ကြီး တစ်ပါး နဲ့တွေ့လို့ချဉ်းကပ် တောင်းပန် ပြီး ဌာပနာ တိုက်ထဲ ကို ဆင်းခဲ့ တယ် လို့ဆို ပါတယ်။ရသေ့ ကြီးရဲ့ ခွင့်ပြုချက် အရ ဌာပနာ တိုက်ထဲ ကို ဆင်းသွား တဲ့ လမ်း တစ်လျှောက် လုံး မှာ ယောဂီဝတ် နဲ့နီဝါရောင် ဝတ် ပုဂ္ဂိုလ် (၇) ဦး ကို (၈) ပေ၊ (၉) ပေစီ ခြားပြီး တွေ့ရတယ် လို့ဆို ပါ တယ်။

ဌာပနာ တိုက် ရဲ့ ပတ်ပတ်လည် ကို အုတ်များ နဲ့အခန်း (၃၆) ခန်း တည်ဆောက် ထားတယ်။ အလယ် တိုင် မရှိ ဘူး။ အလယ် ဗဟိုမှာ တော့ (၁၀) ပေ ပတ်လည် လောက် ရှိတဲ့ ရေတွင်း ရှိတယ်။ ရေတွင်း ဟာ ပင်လယ်ရေ အတက် အကျ အလိုက် ရေ အနိမ့် အမြင့် ဖြစ်ပေါ် တယ် လို့ ဆိုပါတယ်။ ရေတွင်း ထဲမှာ အလျား (၆) ပေ ခွဲခန့်ရှိပြီး ကျောက်မျက် ရတနာ များ နဲ့စီချယ် ထားတဲ့ ရွှေကရဝိတ် လှေ တစ်စင်း ရှိတယ်။ လှေဟာ ဒီရေ အတက် အကျ အလိုက် ရေတွင်း ထဲမှာ အနိမ့် အမြင့် လှုပ်ရှား နေတယ်။ ကရဝိတ် ရွှေလှေ ပေါ်မှာ ဆံတော် များ လို့ယူဆ ရတဲ့ ဌာပနာတွေ ကိန်းဝပ်လျှက် ရှိတယ်။ ဒါပေမဲ့ ပုဝါ လွှမ်းထား လို့ ဆံတော် လို့အတိအကျ မပြော နိုင်ဘူး လို့ဆိုပါ တယ်။ ဌာပနာ တိုက် ရဲ့ ထူးခြား ချက် မှာ တစ်ခန်း လုံး ထိန်လင်း နေခြင်း ဖြစ်တယ်။ တစ်ခု တည်း သော အလင်းရောင် ဟာ အချိန် အခါ မရွေး ရွှေလှေပေါ် ကို အချိန် မရွေး ထိုးစိုက် ကျရောက် နေတယ်။ ထုထည် ကြီးမား လှတဲ့ စေတီ အဆောက် အအုံ ကြီး ကို ပင်မ အလယ်တိုင် မပါ၊ သံယက် မ မရှိပဲ ကျောက်တုံး ကျောက်ခဲ များ နဲ့သာ တည်ဆောက် ခဲ့တယ်။ ပင်လယ် ရေဝင်ပေါက်၊ ထွက်ပေါက် နဲ့အလင်းရောင် ယူထား ပုံက ရှေးဗိသုကာ တွေရဲ့လက်ရာ ဖြစ် တယ်။

ခမ်းနား ဆန်းကြယ် တဲ့ ဌာပနာ တိုက်ကို ကိုယ်တိုင် တွေ့မြင် ခဲ့ရ တာ ဖြစ်လို့နှောင်းလူတွေ သုတေသန ပြု နိုင်အောင် ရွှေတိဂုံ ဂေါပက အဖွဲ့ကို မြေပုံဆွဲ လို့တင်ပြ ခဲ့တယ်။ ရွှေတိဂုံ ဂေါပက အဖွဲ့ ကလည်း မစ္စတာ အပရမေ ကို တွေ့ဆုံ မေးမြန်း ပြီး ဌာပနာ တိုက် တည်နေရာ ကို လိုက်လံ ပြသ စေတဲ့ အခါမှာ ဌာပနာ တိုက် လှိုဏ်ဂူဟာ ရွှေတိဂုံ ရင်ပြင် တော် တနင်္ဂနွေ ထောင့်ရှိ ဆုတောင်းပြည့် ဘုရား နဲ့ဆုတောင်း ပြည့် တန်ဆောင်း နေရာမှာ ရှိတယ် ဆိုပေမဲ့ လည်း နောက်တိုး တန်ဆောင်း တွေနဲ့ ဘုရားများ ထပ်မံ မွမ်းမံ ပြင်ဆင် ထားမှု ကြောင့် အတိ အကျ ပြသ နိုင်ခြင်း မရှိပဲ ဆုတောင်း ပြည့် စေတီ ရဲ့လှိုဏ်ဂူ အောက်မှာ သာ ရှိတယ် လို့ ခန့်မှန်း ညွှန်ပြ သွားနိုင် တယ်လို့ သိရ ပါတယ်။ မစ္စတာ အပရမေ ကို လွစ္စ လမ်း ( ယခု ဆိပ်ကမ်း သာလမ်း ) အမှတ် (၂၅) မှာ ၁၈၉၅ ခုနှစ် က ဖွားမြင် ခဲ့တာပါ။ မိဘ များမှာ မစ္စတာ အက်စ် အပရမေ နဲ့ မစ္စက် ရိုစ် လူကပ်စ် တို့ ဖြစ်ပါ တယ်။ မြန်မာ အမျိုးသမီး ဒေါ်သိန်းရွှေ နဲ့ အိမ်ထောင် ကျပြီး သားသမီး ၅ ယောက် ထွန်းကား ခဲ့ကာ သားသမီး မြေးများ နဲ့ အတူ ဘောက် ထော် မှာ နေထိုင် တယ်လို့ သတင်းမှာ ဖော်ပြ ထားပါ တယ်။ မစ္စတာ အပရမေ ကို ယနေ့ကြေးမုံ က တွေ့ဆုံ မြေးမြန်း ပြီး ၁၃. ၃. ၆၈ နေ့မှာ ဖော်ပြ ခဲ့ခြင်း ဖြစ်ပါတယ်။ တွေ့ဆုံ မေးမြန်း ချိန် မှာ မစ္စတာ အပရမေ ဟာ (၇၃) နှစ် ရှိပြီ လို့ဖော်ပြ ထားပါ တယ်။

ကျွန်တော်တို့ ဗုဒ္ဓ ဘာသာ ဝင် အပေါင်း ယုံကြည် ကိုးကွယ် ဆည်းကပ် ပူဇော် ကြ တဲ့ ရွှေတိဂုံ စေတီတော် မြတ်ကြီး ရဲ့ အောက် ပေ (၆၀) ခန့် အကွာ မှာ တည်ရှိ တဲ့ ဆံတော် တွင်း ဌာပနာ တိုက်ကြီး အကြောင်း ကို နှောင်း လူများ သိရှိ စေရန် ထပ်မံ ဖော်ပြ ရခြင်း ဖြစ်ပါတယ်။

sponsor by jannymoe






Wednesday, 6 August 2014

"မြန်မာအမျိုးသမီးတစ်ဦးရဲ့ဂီတစွမ်းဆောင်ရည်ကို နိုင်ငံတကာမှာချပြလိုက်တဲ့ အမွန်း"


"မြန်မာအမျိုးသမီးတစ်ဦးရဲ့ဂီတစွမ်းဆောင်ရည်ကို နိုင်ငံတကာမှာချပြလိုက်တဲ့ အမွန်း"

အမွန်းဆိုတဲ့ ကချင်တိုင်းရင်းသူ မြန်မာအဆိုတော်မလေးဟာ နိုင်ငံတကာကို ဦးတည်ထုတ်လုပ်တဲ့ အမေရိကအခြေစိုက် ဂီတထုတ်လုပ်ရေးတစ်ခု က ရွေးချယ်ထားသူပါ။ သူပါဝင်တဲ့ Me N Ma Girls အဖွဲ့ဟာ အာရှအကောင်းဆုံးဂီတဗီဒီယိုဆု ရရှိဖို့ ကိုရီးယားပေါ့ပ်ဂီတအဖွဲ့တွေနဲ့ အပြိုင် ရေပန်းစားခဲ့တာပါ။

ဒီမှာ ဒီမှာ နှိပ်​ပြီးသွား​ရောက်​ကြည့်​ရှုနိုင်​ပါတယ်​ခင်​ဗျ ။

Saturday, 2 August 2014

Offline-Browser Pro apk free download


Offline browserဆိုတဲ့အတိုင်းအ​တော်​လန်းတဲ့ browserပါ။ wifi,internet connectionရှိတုန်းမိမိကြိုက်​နှစ်​သက်​ရာ blog,webစာမျက်​နှာ​တွေကို linkယူပြီး​ဒေါင်းထားလိုက်ယုံပါပဲ ​နောက်​မှ connectionရှိ​နေသလိုကို တစ်​ခုချင်း​အေး​ဆေးပြန်​ကြည့်​လို့ရပါတယ်။တော်​​တော်​လန်းတဲ့​ကောင်​ဗျာ။ :) မိမိတို့ကိုယ်​ပိုင်​ blog​တွေကိုလဲ offlineကြည့်​ဖို့ သိမ်းထားလို့ရတာ​ပေါ့ဗျာ။online စာဖတ်​သမား​တွေအတွက်​လဲ အင်​တာနက်​ဖိုးသက်​သာကြိုက်​တဲ့အချိန်​ပြန်​ဖတ်​ အဆင်​​ပြေသွားတာ​ပေါ့။

pro versionမို့ပိုက်​ပိုက်​​ပေး​ဝယ်​ရမယ့်​browserဖြစ်​ပါတယ်ခင်​ဗျ။။ဒီမှာ​တော့ free downloadရယူသွားလိုက်​ပါ။
linkနှစ်​ခုမှအဆင်​​ပြေရာlinkနဲ့ ​ဒေါင်းယူနိုင်​ပါတယ်​။

Download Link 1

Download Link 2

Wednesday, 30 July 2014

မြန်မာပြည်က လူသုံးများတဲ့ Viber ရုံးခွဲဖွင့်ဖို့ စဉ်းစားနေပြီ


မြန်မာပြည်က လူသုံးများတဲ့ Viber ရုံးခွဲဖွင့်ဖို့ စဉ်းစားနေပြီ



မိုဘိုင်းလ်ဖုန်းကနေ Viber သုံးစွဲသူ ၅သန်းရှိတဲ့ မြန်မာပြည်က သုံးစွဲသူတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ Viber ကုမ္ပဏီက ရန်ကုန်မြို့မှာ သတင်းမီဒီယာတွေနဲ့ ဇူလိုင် ၃ဝရက်နေ့က တွေ့ဆုံခဲ့ပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ မိုဘိုင်းလ်ဆက်သွယ်ရေး မြင်ကွင်းအနေအထားအကြောင်း ပြောဆိုခဲ့ပါတယ်။

Viber ဟာ အသုံးပြုရလွယ်ပြီး အခြားဆိုရှယ်မီဒီယာတွေလို မဟုတ်ဘဲ သီးသန့်ဆန်ပြီး မိသားစု၊ သူငယ်ချင်းနဲ့ လုပ်ဖော်ကိုင်ဖက်တွေအချင်းချင်းကြား စတစ်ကာတွေ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို ငွေကုန်စရာမလိုဘဲ ပေးပို့နိုင်တာကြောင့် မြန်မာပြည်မှာ ရေပန်းစားရတာဖြစ်တယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့ 5oth Street Bar မှာ ပြုလုပ်တဲ့ မီဒီယာတွေ့ဆုံပွဲမှာ Viber အနေနဲ့ UK၊ ဘရာဇီး၊ ရုရှ၊ ဘယ်လာရုစ်နိုင်ငံတွေမှာသာမက အာရှနိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်၊ ဂျပန်၊ အိန္ဒိယ၊ ဗီယက်နမ်နိုင်ငံတွေမှာလည်း ရုံးခွဲတွေရှိနေပြီး မြန်မာပြည်မှာ ရုံးခွဲဖွင့်ဖို့ စဉ်းစားနေဆဲလို့ပြောပါတယ်။ ပြည်တွင်းလုပ်ငန်းရှင်တွေနဲ့ တွဲဖက်လုပ်ကိုင်ဖို့ ဆွေးနွေးနေဆဲလို့ ဆိုပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ Local Sticker လုပ်နိုင်ဖို့ ကြိုးစားနေပြီး Viber ရဲ့ လူသိများတဲ့ Violet ဇာတ်ကောင်ကိုလည်း မြန်မာစကားပြောပုံစံနဲ့ ဒီဇိုင်းရေးနေပြီး အခမဲ့ရနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ သုံးစွဲသူတွေအနေနဲ့ Facebook နဲ့ Twitter တို့မှာလည်း အချိန်မရွေး မေးမြန်းနိုင်တယ်လို့ ပြောပါတယ်။

မြန်မာသတင်းမီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ Viber ရဲ့ CEO Talmon Marco က ဗီဒီယိုကနေ နှုတ်ခွန်းဆက်စကား ပေးပို့ခဲ့သလို Viber ရဲ့ Chief Marketing Officer နဲ့ Head of Product တို့ကလည်း Viber ကနေ မီဒီယာတွေ သိလိုတာတွေကို ဖြေခဲ့ပါတယ်။

kamayut media

Tuesday, 29 July 2014

No more in-app chat: Facebook moving messages to Messenger



Get ready for another major Facebook change. The company is stripping messages from its iOS and Android apps and directing users to install Facebook Messenger if they want to keep chatting with friends.

“Today we are starting to notify people that messages are moving out of the Facebook app and over to the Messenger app,” a Facebook spokesperson confirmed to TechHive. “To continue sending messages on mobile, people will need to install the Messenger app.”
I’m betting this won’t go over very well, but then again, few Facebook changes do. The network isn’t making any sudden moves—that would only cause more outrage. Instead, users will see several notifications about the change before chat disappears from their app altogether.
The app update has already rolled out in a few European countries. You can expect to see notices about Messenger over the next few weeks.

Tech Hive

Monday, 28 July 2014

၁၂ရာသီခွင်​ဟာသ

"""(၁၂)ရာသီခွင် ဟာသ"""
---------------------------- 
Monday, July 28, 2014

(၁)
Aries (မိဿရာသီဖွား -- မတ်လ ၂၁ မှ ဧပြီ ၁၉ အတွင်းမွေးဖွားသူ)

မေမေ "Aries သမီးလေး.. စကပ်ဝတ်ထားတဲ့အချိန် ဒါန်းမစီးရဘူးနော်။

ကောင်လေးတွေ သမီးရဲ့အတွင်းခံကို တွေ့သွားနိုင်တယ်"

Aries "ဟုတ်ကဲ့ပါ မေမေ"

ဒါပေမယ့် တစ်နေ့မှာ Ariesက မေမေဆီပြေးလာပြီး "မေမေ... မေမေ ဒီနေ့

အောင်အောင်နဲ့ဒါန်းစီးပြိုင်တာ သမီးနိုင်တယ်"

မေမေက စိတ်တိုပြီး "စကပ်ဝတ်ထားရင် ဒါန်းမစီးရဘူးလို့ မေမေမှာထားတယ်မဟုတ်လား?"

Aries "သမီး ဒီလောက်မအပါဘူး မေမေရဲ့၊ အတွင်းခံကို သူမမြင်အောင်

ချွတ်ထားပြီးမှ ဒါန်းစီးတာပါ"

(Ariesဖွားက ရဲရင့်၊ ပွင့်လင်းပြီး လုပ်ရဲရင် ခံရဲသူဖြစ်တယ်)

(၂)
Taurus (ပြိဿရာသီဖွား--ဧပြီ ၂ဝ မှ မေ ၂ဝ အတွင်းမွေးဖွားသူ)

ဖရဲသီးရောင်းသူ "လာနော်.. လာနော်.. ဖရဲသီးချိုတယ်၊ မချိုရင် ပိုက်ဆံမယူဘူး"

ရေဆာနေတဲ့ Taurus " အတော်ပဲ... ကျွန်တော့်ကို မချိုတာပေးပါ"

(Taurusဖွားက အိမ်၊ မိသားစုကို ထိန်းသိမ်းနိုင်သူ ဘေးချော်ချင်သည့်တိုင်ကိုယ့်ကိုကာကွယ်တတ်သူဖြစ်တယ်)

(၃)
Gemini (မေထုန်ရာသီဖွား-- မေ ၂၁ မှ ဇွန် ၂ဝ အတွင်းမွေးဖွားသူ)

မေမေ "Gemini ရေ ထတော့ ကြက်ဖတောင်တွန်နေပြီ"

Gemini "အာ..... မေမေကလဲ! ကြက်ဖတွန်ရင် တွန်ပစေပေါ့။ သမီးက ကြက်မမှမဟုတ်တာ"

(Gemini ဖွားက ကိုယ့်ကို သိတတ်လိုစိတ်၊ ကိုယ်ပိုင်တွေးတောစိတ် ပြင်းထန်သူဖြစ်တယ်)

(၄)
Cancer (ကရကဋ်ရာသီဖွား-- ဇွန် ၂၁ မှ ဇူလိုင် ၂၂ အတွင်းမွေးဖွားသူ)

Cancer "ဒီည သားမေမေနဲ့အိပ်မယ်"

မေမေ "သား မိန်းမယူပြီးလည်း မေမေနဲ့အိပ်မှာလား?"

Cancer "အင်း"

မေမေ "ဒါဆို သားမိန်းမဘယ်လိုလုပ်မလဲ?"

Cancer "ဖေဖေနဲ့ ပေးအိပ်လိုက်မယ်"

(Cancerဖွားက မိခင်ကိုစွဲလမ်းသူ၊ မှီခိုသူဖြစ်တယ်)

(၅)
Leo (သိဟ်ရာသီဖွား-- ဇူလိုင် ၂၃ မှ သြဂုတ်၂၂ အတွင်းမွေးဖွားသူ)

Leo "ဒီတင်ပါးပုံပေါက်စီကို လူတွေဘာလို့ စားကြတာလဲ?"

ဆိုင်ထဲက ပေါက်စီစားသူတွေ နေရထိုင်ရခက်ကုန်တယ်။ Leoက ပဲပေါက်စီတစ်လုံး ယူလိုက်တယ်။

Leo "မေမေ.. မေမေ... တင်ပါးထဲမှာ အီးတွေနဲ့...."

ပေါက်စီစားသူတွေ အန်လုလုဖြစ်ကုန်ကြတယ်။

(Leoဖွားက ကိုယ်ပိုင်ခံစားချက်နဲ့ ဘေးလူရဲ့အကြည့်၊ အပြောကို

သိပ်ဂရုမစိုက်တတ်သူဖြစ်တယ်)

(၆)
virgo (ကန်ရာသီဖွား-- သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အတွင်းမွေးဖွားသူ)

virgoက ကိုယ့်ချက်ကိုကြည့်ပြီး "ဒါဘာလဲ"လို့ ဖေဖေကို တအံ့တသြမေးတယ်။

ဖေဖေက "ချက်ကြိုးက ကလေးငယ်ကို မိခင်နဲ့ဆက်ထားပေးတယ်။ မိခင်ဝမ်းတွင်းက

ခွါတာနဲ့ ဆရာဝန်က ချက်ကြိုးကိုဖြတ်ပြီး အထုံးထုံးပေးလိုက်တယ်။ အဲဒီလိုနဲ့

ချက်ဖြစ်လာခဲ့တယ်" လို့ အတိုချုံးရှင်းပြလိုက်တယ်။

virgo "ဆရာဝန်က ဘာဖြစ်လို့ လိပ်ပြာပုံဖဲကြိုးလေး မထုံးပေးတာလဲ မသိဘူးနော်"

(virgoဖွားက စူးစမ်းလိုစိတ်များပြီး ပြီးပြည့်စုံမှုကို လိုလားသူဖြစ်တယ်)

(၇)
Libra (တူရာသီဖွား-- စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အတွင်းမွေးဖွားသူ)

ဖေဖေ "Libra သား.. ဒီနေ့ကျောင်းမသွားနဲ့တော့၊ မနေ့ညက သားအတွက် သားမေမေက

အမွှာလေးမွေးပေးလိုက်တယ်။ ဆရာမဆီ ခွင့်တစ်ရက်တိုင်လိုက်နော်"

Libra "ဟုတ်ကဲ့ဖေဖေ... ဒါပေမယ့် တစ်ယောက်ပဲမွေးတယ်လို့ သားပြောမယ်။

ကျန်တစ်ယောက်ကို သားကျောင်းမသွားချင်တဲ့နေ့မှ ထပ်ပြောမယ်"

(Libraဖွားက ထက်မြက်ပြီး ချင့်ချိန်ကြံဆတတ်သူဖြစ်တယ်)

(၈)
Scorpio (ဗြိစ္ဆာရာသီဖွား-- အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အတွင်းမွေးဖွားသူ)

Scorpioအိပ်ပျော်ခါနီးမှ ခြင်တစ်ကောင်က သူ့ကိုကိုက်လိုက်တယ်။ ဒါနဲ့

Scorpioထလာပြီး ခြင်ကို မောင်းထုတ်တယ်။ ဘယ်လိုမောင်းထုတ်ထုတ် အခန်းထဲကနေ

ခြင်ထွက်မသွားဘူး။

"ကောင်းပြီ.... မင်းမထွက်ရင် ငါထွက်တယ်ကွာ!"

ပြောပြောဆိုဆို အိပ်ခန်းထဲကနေ Scorpioထွက်သွားပြီး

တံခါးကိုသော့ခတ်လိုက်တယ်။ ပြီးမှ အားရကျေနပ်ဟန်နဲ့---

"ဟင်း.. ဒီည ငါအခန်းထဲ ဝင်မအိပ်တော့ဘူး။ အခန်းထဲမှာ မင်းကို အငတ်ထားပြီး သတ်ပစ်မယ်"

( Scorpio ဖွားက မရေရာသူ၊ လက်တွေ့ထိုးထွင်းဥာဏ် နည်းသူဖြစ်တယ်)

(၉)
Sagittarius (ဓနုရာသီဖွား-- နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အတွင်းမွေးဖွားသူ)

Sagittarius "ဖေဖေ... ဖေဖေ့ဆံပင်ဖြူတွေ ဘာဖြစ်လို့ ဒီလောက်များရတာလဲ?"

ဖေဖေ "သား မလိမ္မာလို့ပေါ့။ သားမလိမ္မာလို့ ဖေဖေဆံပင်ဖြူများရတာပေါ့"

Sagittarius တအောင့်လောက် စဉ်းစားပြီး.....

"ဘိုးဘိုးဆံပင်တွေ တစ်ခေါင်းလုံးဖြူရတာက ဘာကြောင့်လဲဖေဖေ?"

ဖေဖေ "............"

(Sagittarius ဖွားက တွေးတောတာကို နှစ်သက်သူဖြစ်တယ်)

(၁ဝ)
Capricorn (မကာရရာသီဖွား-- ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အတွင်းမွေးဖွားသူ)

တစ်နေ့မှာ Capricornနဲ့မေမေ လမ်းထွက်လျှောက်တယ်။ လမ်းခုလပ်ရောက်တော့

ရုတ်တရက်မိုးရွာချတယ်။ မေမေက Capricorn လက်ကိုဆွဲပြီး "မိုးရွာပြီ...

ပြေးပြေး.. ရှေ့ကိုပြေး!" လို့ပြောတော့ Capricornက တုံ့နှေးနှေးနဲ့

"ရှေ့မှာ မိုးမရွာလို့လား?" တဲ့။

(Capricorn ဖွားက အမှန်ကိုသိပေမယ့် လိုက်ပြုပြင်ပြောင်းလဲဖို့ ပျင်းရိသူဖြစ်တယ်)

(၁၁)
Aquarius (ကုံရာသီဖွား-- ဇန်နဝါရီ ၂ဝ မှ ဖေဖော်ဝါရီ ၁၈ အတွင်းမွေးဖွားသူ)

Aquarius "ကြက်ဥက ဘယ်ကထွက်လာတာလဲ မေမေ?"

မေမေ "ကြက်မက ထွက်လာတာပေါ့"

Aquarius "'ကြက်မက ဘယ်ကထွက်လာတာလဲ မေမေ?"

မေမေ "ကြက်ဥက ပေါက်လာတာပေါ့"

Aquarius "ကြက်မနဲ့ကြက်ဥ ဘယ်ဟာက အရင်ရှိတာလဲ မေမေ?"

(Aquarius ဖွားရဲ့ အတွေးတွေက သာမန်လူတွေရဲ့အတွေးတွေနဲ့ အမြဲကွဲပြားတတ်တယ်)

(၁၂)
Pisces (မိန်ရာသီဖွား-- ဖေဖေါ်ဝါရီ ၁၉ မှ မတ်လ ၂ဝ အတွင်းမွေးဖွားသူ)

ဖေဖေက သူ့ငယ်စဉ်အကြောင်းတွေ Pisces ကို ပြောပြနေခဲ့တယ်။

ဖေဖေ "ဖေဖေတို့ ငယ်ငယ်တုန်းကဆို အစာရေစာမဝလို့ အမြဲငတ်ပြတ်ခဲ့ရတယ်"

Pisces "သနားလိုက်တာနော်။ ဖေဖေက စားစရာမရှိလို့ သားတို့အိမ်ကို

ရောက်လာခဲ့တာပေါ့နော်"

(Piscesဖွားက ကိုယ်ချင်းစာ၊ အကြင်နာစိတ်ရှိပေမယ့် အခြေအနေကို မခွဲခြားတတ်သူဖြစ်တယ်)


Aunghtut Thet