(ဗုဒ္ဓ၀င်စားဟု လိမ်ညာနေခြင်းအကြောင်း)
တဆင့်ပြန် share ထားတာပါ
~~~~~~~~~~~~~~~~~~~~~~~~~~
(ဗုဒ္ဓ၀င်စားဟု လိမ်ညာနေခြင်းအကြောင်း)
တဆင့်ပြန် share ထားတာပါ
~~~~~~~~~~~~~~~~~~~~~~~~~~
"ကဗ္ဘောဒီးယားနိုင်ငံမှ ဗုဒ္ဓ၀င်စားသူတစ်ယောက်အကြောင်း"
အသက်အားဖြင့်၆၅ နှစ်အရွယ်ရှိအမျိုးသားတစ်ယောက်က သူ့ကိုသူ ဗုဒ္ဓ ပရိနိဗ္ဗာန်စံပြီး နောက်လူ့ပြည်မှာပြန်လည်မွေးဖွားလာခြင်းဖြစ်ပါတယ်ဆိုပြီးပြောနေပါတယ်။
သူ့ရဲ့အပြောအဆိုတွေက အကွကျတိကျအောင်ပြောဆိုနိုင်တဲ့အတွက် ကဗ္ဘောဒီးယားနိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်တွေကအစ ယုံကြည်တဲ့အပြင် အချို့သောဘုန်းတော်ကြီးများတောင် သက်ဝင်ယုံကြည်ကြတဲ့အတွက် ပူဆော်ခြင်း အလှူဒါနပြုလုပ်ခြင်းများနဲ့ သူ့ရဲ့မိန့်ကြားချက်မှန်သမျှကို ယုံယုံကြည်ကြည်နဲ့ နာခံနေကြပါတယ်။
သူ့ရဲ့ဂုဏ်သတင်းပျံ့နှံ့ကြီးမားမှုတွေ့ကြောင့် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တစ်ချို့သောထိုင်းလူမျိုးများကတောင် သူသတင်းသုံးနေထိုင်တဲ့ ဘုန်းကြီးကျောင်းကိုရအောင်ရှာပြီး ရှိခိုးပူဇော် အလှူအတန်းလုပ်ဖို့ရန်အတွက် ရောက်ရှိလို့လာခဲ့ပါတယ်။
သူ့ရဲ့ဓါတ်ပုံများဟာလည်း အွန်လိုင်းလောကမှာပျံ့နှံ့လျှက်ရှိနေပြီး တစ်ချို့သောပုံတွေဟာ ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့သတင်းသုံးပုံစံအတိုင်း ဖြတ်ညှပ်ကပ် ဖိုတိုရှော့ များလုပ်၍ဖြန့်ဝေထားတာကိုလည်းမြင်တွေ့ခဲ့ရပါသေးတယ်။
ပြီးတော့ ဗုဒ္ဓဘုရားရှင်ရဲ့ ပရိနိဗ္ဗာန်ချိန် လူနတ်ဗြမ္မာအပေါင်းတို့ ၀မ်းနည်းနေကြပုံကိုလည်း သူ့ မြတ်စွာဘုရားရှင်ရဲ့ဦးခေါင်းတော်နေရာမှာ သူ့ဦးခေါင်းနဲ့အစားထိုးရေးဆွဲထားပုံကို သူနေထိုင်တဲ့ဘုန်းကြီးကျောင်းမှာ ချိပ်ဆွဲထားတာကိုလည်း မြင်တွေ့ခဲ့ရပါသေးတယ်။
ဒီလိုအဖြစ်ပျက်မျိုးလုံးဝမဖြစ်နိုင် သလို၊ ဘုန်းကြီးများနဲ့ အရာရှိအကြီးအကဲများအထိ ရအောင်လိမ်ခဲ့တယ်ဆိုတော့ သူ့ရဲ့လိမ်ကွက်တွေက တော့်တော့်ကိုဆရာကျတယ်လို့ပဲပြောရပါလိမ့်မယ်။
(မိတ်ဆွေတို့အားလုံးလည်း ဗုဒ္ဓမြတ်စွာဘုရားရှင်က လူဝင်စားတယ်ဆို့တဲ့ ဒီလိုအဖြစ်ပျက်ဟာ တစ်ကယ်ဖြစ်လာနိုင်တယ်လို့ယုံကြည်နေတဲ့သူများရှိနေပါသလား။)
Cr: Phayathonezu City Image Galleries - ဘုရားသုံးဆူမြို့ အလှပုံရိပ်များ




No comments:
Post a Comment