Wednesday, 30 July 2014

မြန်မာပြည်က လူသုံးများတဲ့ Viber ရုံးခွဲဖွင့်ဖို့ စဉ်းစားနေပြီ


မြန်မာပြည်က လူသုံးများတဲ့ Viber ရုံးခွဲဖွင့်ဖို့ စဉ်းစားနေပြီ



မိုဘိုင်းလ်ဖုန်းကနေ Viber သုံးစွဲသူ ၅သန်းရှိတဲ့ မြန်မာပြည်က သုံးစွဲသူတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ Viber ကုမ္ပဏီက ရန်ကုန်မြို့မှာ သတင်းမီဒီယာတွေနဲ့ ဇူလိုင် ၃ဝရက်နေ့က တွေ့ဆုံခဲ့ပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ မိုဘိုင်းလ်ဆက်သွယ်ရေး မြင်ကွင်းအနေအထားအကြောင်း ပြောဆိုခဲ့ပါတယ်။

Viber ဟာ အသုံးပြုရလွယ်ပြီး အခြားဆိုရှယ်မီဒီယာတွေလို မဟုတ်ဘဲ သီးသန့်ဆန်ပြီး မိသားစု၊ သူငယ်ချင်းနဲ့ လုပ်ဖော်ကိုင်ဖက်တွေအချင်းချင်းကြား စတစ်ကာတွေ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို ငွေကုန်စရာမလိုဘဲ ပေးပို့နိုင်တာကြောင့် မြန်မာပြည်မှာ ရေပန်းစားရတာဖြစ်တယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့ 5oth Street Bar မှာ ပြုလုပ်တဲ့ မီဒီယာတွေ့ဆုံပွဲမှာ Viber အနေနဲ့ UK၊ ဘရာဇီး၊ ရုရှ၊ ဘယ်လာရုစ်နိုင်ငံတွေမှာသာမက အာရှနိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်၊ ဂျပန်၊ အိန္ဒိယ၊ ဗီယက်နမ်နိုင်ငံတွေမှာလည်း ရုံးခွဲတွေရှိနေပြီး မြန်မာပြည်မှာ ရုံးခွဲဖွင့်ဖို့ စဉ်းစားနေဆဲလို့ပြောပါတယ်။ ပြည်တွင်းလုပ်ငန်းရှင်တွေနဲ့ တွဲဖက်လုပ်ကိုင်ဖို့ ဆွေးနွေးနေဆဲလို့ ဆိုပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ Local Sticker လုပ်နိုင်ဖို့ ကြိုးစားနေပြီး Viber ရဲ့ လူသိများတဲ့ Violet ဇာတ်ကောင်ကိုလည်း မြန်မာစကားပြောပုံစံနဲ့ ဒီဇိုင်းရေးနေပြီး အခမဲ့ရနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ သုံးစွဲသူတွေအနေနဲ့ Facebook နဲ့ Twitter တို့မှာလည်း အချိန်မရွေး မေးမြန်းနိုင်တယ်လို့ ပြောပါတယ်။

မြန်မာသတင်းမီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ Viber ရဲ့ CEO Talmon Marco က ဗီဒီယိုကနေ နှုတ်ခွန်းဆက်စကား ပေးပို့ခဲ့သလို Viber ရဲ့ Chief Marketing Officer နဲ့ Head of Product တို့ကလည်း Viber ကနေ မီဒီယာတွေ သိလိုတာတွေကို ဖြေခဲ့ပါတယ်။

kamayut media

Tuesday, 29 July 2014

No more in-app chat: Facebook moving messages to Messenger



Get ready for another major Facebook change. The company is stripping messages from its iOS and Android apps and directing users to install Facebook Messenger if they want to keep chatting with friends.

“Today we are starting to notify people that messages are moving out of the Facebook app and over to the Messenger app,” a Facebook spokesperson confirmed to TechHive. “To continue sending messages on mobile, people will need to install the Messenger app.”
I’m betting this won’t go over very well, but then again, few Facebook changes do. The network isn’t making any sudden moves—that would only cause more outrage. Instead, users will see several notifications about the change before chat disappears from their app altogether.
The app update has already rolled out in a few European countries. You can expect to see notices about Messenger over the next few weeks.

Tech Hive

Monday, 28 July 2014

၁၂ရာသီခွင်​ဟာသ

"""(၁၂)ရာသီခွင် ဟာသ"""
---------------------------- 
Monday, July 28, 2014

(၁)
Aries (မိဿရာသီဖွား -- မတ်လ ၂၁ မှ ဧပြီ ၁၉ အတွင်းမွေးဖွားသူ)

မေမေ "Aries သမီးလေး.. စကပ်ဝတ်ထားတဲ့အချိန် ဒါန်းမစီးရဘူးနော်။

ကောင်လေးတွေ သမီးရဲ့အတွင်းခံကို တွေ့သွားနိုင်တယ်"

Aries "ဟုတ်ကဲ့ပါ မေမေ"

ဒါပေမယ့် တစ်နေ့မှာ Ariesက မေမေဆီပြေးလာပြီး "မေမေ... မေမေ ဒီနေ့

အောင်အောင်နဲ့ဒါန်းစီးပြိုင်တာ သမီးနိုင်တယ်"

မေမေက စိတ်တိုပြီး "စကပ်ဝတ်ထားရင် ဒါန်းမစီးရဘူးလို့ မေမေမှာထားတယ်မဟုတ်လား?"

Aries "သမီး ဒီလောက်မအပါဘူး မေမေရဲ့၊ အတွင်းခံကို သူမမြင်အောင်

ချွတ်ထားပြီးမှ ဒါန်းစီးတာပါ"

(Ariesဖွားက ရဲရင့်၊ ပွင့်လင်းပြီး လုပ်ရဲရင် ခံရဲသူဖြစ်တယ်)

(၂)
Taurus (ပြိဿရာသီဖွား--ဧပြီ ၂ဝ မှ မေ ၂ဝ အတွင်းမွေးဖွားသူ)

ဖရဲသီးရောင်းသူ "လာနော်.. လာနော်.. ဖရဲသီးချိုတယ်၊ မချိုရင် ပိုက်ဆံမယူဘူး"

ရေဆာနေတဲ့ Taurus " အတော်ပဲ... ကျွန်တော့်ကို မချိုတာပေးပါ"

(Taurusဖွားက အိမ်၊ မိသားစုကို ထိန်းသိမ်းနိုင်သူ ဘေးချော်ချင်သည့်တိုင်ကိုယ့်ကိုကာကွယ်တတ်သူဖြစ်တယ်)

(၃)
Gemini (မေထုန်ရာသီဖွား-- မေ ၂၁ မှ ဇွန် ၂ဝ အတွင်းမွေးဖွားသူ)

မေမေ "Gemini ရေ ထတော့ ကြက်ဖတောင်တွန်နေပြီ"

Gemini "အာ..... မေမေကလဲ! ကြက်ဖတွန်ရင် တွန်ပစေပေါ့။ သမီးက ကြက်မမှမဟုတ်တာ"

(Gemini ဖွားက ကိုယ့်ကို သိတတ်လိုစိတ်၊ ကိုယ်ပိုင်တွေးတောစိတ် ပြင်းထန်သူဖြစ်တယ်)

(၄)
Cancer (ကရကဋ်ရာသီဖွား-- ဇွန် ၂၁ မှ ဇူလိုင် ၂၂ အတွင်းမွေးဖွားသူ)

Cancer "ဒီည သားမေမေနဲ့အိပ်မယ်"

မေမေ "သား မိန်းမယူပြီးလည်း မေမေနဲ့အိပ်မှာလား?"

Cancer "အင်း"

မေမေ "ဒါဆို သားမိန်းမဘယ်လိုလုပ်မလဲ?"

Cancer "ဖေဖေနဲ့ ပေးအိပ်လိုက်မယ်"

(Cancerဖွားက မိခင်ကိုစွဲလမ်းသူ၊ မှီခိုသူဖြစ်တယ်)

(၅)
Leo (သိဟ်ရာသီဖွား-- ဇူလိုင် ၂၃ မှ သြဂုတ်၂၂ အတွင်းမွေးဖွားသူ)

Leo "ဒီတင်ပါးပုံပေါက်စီကို လူတွေဘာလို့ စားကြတာလဲ?"

ဆိုင်ထဲက ပေါက်စီစားသူတွေ နေရထိုင်ရခက်ကုန်တယ်။ Leoက ပဲပေါက်စီတစ်လုံး ယူလိုက်တယ်။

Leo "မေမေ.. မေမေ... တင်ပါးထဲမှာ အီးတွေနဲ့...."

ပေါက်စီစားသူတွေ အန်လုလုဖြစ်ကုန်ကြတယ်။

(Leoဖွားက ကိုယ်ပိုင်ခံစားချက်နဲ့ ဘေးလူရဲ့အကြည့်၊ အပြောကို

သိပ်ဂရုမစိုက်တတ်သူဖြစ်တယ်)

(၆)
virgo (ကန်ရာသီဖွား-- သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အတွင်းမွေးဖွားသူ)

virgoက ကိုယ့်ချက်ကိုကြည့်ပြီး "ဒါဘာလဲ"လို့ ဖေဖေကို တအံ့တသြမေးတယ်။

ဖေဖေက "ချက်ကြိုးက ကလေးငယ်ကို မိခင်နဲ့ဆက်ထားပေးတယ်။ မိခင်ဝမ်းတွင်းက

ခွါတာနဲ့ ဆရာဝန်က ချက်ကြိုးကိုဖြတ်ပြီး အထုံးထုံးပေးလိုက်တယ်။ အဲဒီလိုနဲ့

ချက်ဖြစ်လာခဲ့တယ်" လို့ အတိုချုံးရှင်းပြလိုက်တယ်။

virgo "ဆရာဝန်က ဘာဖြစ်လို့ လိပ်ပြာပုံဖဲကြိုးလေး မထုံးပေးတာလဲ မသိဘူးနော်"

(virgoဖွားက စူးစမ်းလိုစိတ်များပြီး ပြီးပြည့်စုံမှုကို လိုလားသူဖြစ်တယ်)

(၇)
Libra (တူရာသီဖွား-- စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အတွင်းမွေးဖွားသူ)

ဖေဖေ "Libra သား.. ဒီနေ့ကျောင်းမသွားနဲ့တော့၊ မနေ့ညက သားအတွက် သားမေမေက

အမွှာလေးမွေးပေးလိုက်တယ်။ ဆရာမဆီ ခွင့်တစ်ရက်တိုင်လိုက်နော်"

Libra "ဟုတ်ကဲ့ဖေဖေ... ဒါပေမယ့် တစ်ယောက်ပဲမွေးတယ်လို့ သားပြောမယ်။

ကျန်တစ်ယောက်ကို သားကျောင်းမသွားချင်တဲ့နေ့မှ ထပ်ပြောမယ်"

(Libraဖွားက ထက်မြက်ပြီး ချင့်ချိန်ကြံဆတတ်သူဖြစ်တယ်)

(၈)
Scorpio (ဗြိစ္ဆာရာသီဖွား-- အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အတွင်းမွေးဖွားသူ)

Scorpioအိပ်ပျော်ခါနီးမှ ခြင်တစ်ကောင်က သူ့ကိုကိုက်လိုက်တယ်။ ဒါနဲ့

Scorpioထလာပြီး ခြင်ကို မောင်းထုတ်တယ်။ ဘယ်လိုမောင်းထုတ်ထုတ် အခန်းထဲကနေ

ခြင်ထွက်မသွားဘူး။

"ကောင်းပြီ.... မင်းမထွက်ရင် ငါထွက်တယ်ကွာ!"

ပြောပြောဆိုဆို အိပ်ခန်းထဲကနေ Scorpioထွက်သွားပြီး

တံခါးကိုသော့ခတ်လိုက်တယ်။ ပြီးမှ အားရကျေနပ်ဟန်နဲ့---

"ဟင်း.. ဒီည ငါအခန်းထဲ ဝင်မအိပ်တော့ဘူး။ အခန်းထဲမှာ မင်းကို အငတ်ထားပြီး သတ်ပစ်မယ်"

( Scorpio ဖွားက မရေရာသူ၊ လက်တွေ့ထိုးထွင်းဥာဏ် နည်းသူဖြစ်တယ်)

(၉)
Sagittarius (ဓနုရာသီဖွား-- နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အတွင်းမွေးဖွားသူ)

Sagittarius "ဖေဖေ... ဖေဖေ့ဆံပင်ဖြူတွေ ဘာဖြစ်လို့ ဒီလောက်များရတာလဲ?"

ဖေဖေ "သား မလိမ္မာလို့ပေါ့။ သားမလိမ္မာလို့ ဖေဖေဆံပင်ဖြူများရတာပေါ့"

Sagittarius တအောင့်လောက် စဉ်းစားပြီး.....

"ဘိုးဘိုးဆံပင်တွေ တစ်ခေါင်းလုံးဖြူရတာက ဘာကြောင့်လဲဖေဖေ?"

ဖေဖေ "............"

(Sagittarius ဖွားက တွေးတောတာကို နှစ်သက်သူဖြစ်တယ်)

(၁ဝ)
Capricorn (မကာရရာသီဖွား-- ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အတွင်းမွေးဖွားသူ)

တစ်နေ့မှာ Capricornနဲ့မေမေ လမ်းထွက်လျှောက်တယ်။ လမ်းခုလပ်ရောက်တော့

ရုတ်တရက်မိုးရွာချတယ်။ မေမေက Capricorn လက်ကိုဆွဲပြီး "မိုးရွာပြီ...

ပြေးပြေး.. ရှေ့ကိုပြေး!" လို့ပြောတော့ Capricornက တုံ့နှေးနှေးနဲ့

"ရှေ့မှာ မိုးမရွာလို့လား?" တဲ့။

(Capricorn ဖွားက အမှန်ကိုသိပေမယ့် လိုက်ပြုပြင်ပြောင်းလဲဖို့ ပျင်းရိသူဖြစ်တယ်)

(၁၁)
Aquarius (ကုံရာသီဖွား-- ဇန်နဝါရီ ၂ဝ မှ ဖေဖော်ဝါရီ ၁၈ အတွင်းမွေးဖွားသူ)

Aquarius "ကြက်ဥက ဘယ်ကထွက်လာတာလဲ မေမေ?"

မေမေ "ကြက်မက ထွက်လာတာပေါ့"

Aquarius "'ကြက်မက ဘယ်ကထွက်လာတာလဲ မေမေ?"

မေမေ "ကြက်ဥက ပေါက်လာတာပေါ့"

Aquarius "ကြက်မနဲ့ကြက်ဥ ဘယ်ဟာက အရင်ရှိတာလဲ မေမေ?"

(Aquarius ဖွားရဲ့ အတွေးတွေက သာမန်လူတွေရဲ့အတွေးတွေနဲ့ အမြဲကွဲပြားတတ်တယ်)

(၁၂)
Pisces (မိန်ရာသီဖွား-- ဖေဖေါ်ဝါရီ ၁၉ မှ မတ်လ ၂ဝ အတွင်းမွေးဖွားသူ)

ဖေဖေက သူ့ငယ်စဉ်အကြောင်းတွေ Pisces ကို ပြောပြနေခဲ့တယ်။

ဖေဖေ "ဖေဖေတို့ ငယ်ငယ်တုန်းကဆို အစာရေစာမဝလို့ အမြဲငတ်ပြတ်ခဲ့ရတယ်"

Pisces "သနားလိုက်တာနော်။ ဖေဖေက စားစရာမရှိလို့ သားတို့အိမ်ကို

ရောက်လာခဲ့တာပေါ့နော်"

(Piscesဖွားက ကိုယ်ချင်းစာ၊ အကြင်နာစိတ်ရှိပေမယ့် အခြေအနေကို မခွဲခြားတတ်သူဖြစ်တယ်)


Aunghtut Thet


အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ မော်ဒယ် မာရီနာ ရဲ့ ပွင့်​ပွင့်​လင်းလင်း​ပြောဆို​ဝေဖန်​ချက်​ ထင်မြင်ချက်များ

အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ မော်ဒယ် မာရီနာ ရဲ့ ထင်မြင်ချက်များ ။ နာမည်ကြီးမယ်တချို့ နဲ့ မော်ဒယ်တွေကလည်း သူရဲ့ status တွေကို LIKE ထားတာတွေ့ ရပါတယ်။

၁။ နောက်ဆုံးတော့လည်းအကောင်ကြီးကြီးအမြီးရှည်ဖြစ်ဖို့ပဲလိုတယ်..မျက်နှာကြီးရာဟင်းဖတ်ပါပါပဲ ...စိတ်ထားမကောင်းလည်းရတယ်ဟန်ဆောင်ပြုံးအပေါ'ယံတွေလုပ်တတ်ရမယ် ..ဖားတတ်ရမယ်,body beauty ကလည်းလှဖို့မလိုဘူးပေါင်တွင်းကြောတွေပြတ်လည်းဖြစ်တယ်,talent လည်းမလိုဘူး yes or no ဆိုဖြစ်တယ်,နောက်ခံbackgroundလည်းကောင်းစရာမလိုဘူး..တောင့်ဖို့ပဲလိုတယ် အကောင်ကြီးကြီးထဲကဖြစ်ဖို့ပဲလိုတယ်,စည်းကမ်းလည်းရှိစရာမလိုဘူး ဒါတွေပြည့်ဆုံရင် miss တစ်ရောက်ဖြစ်ဖို့ဆိုတာတစ်ရေးအိပ်ပြီးပြိုင်လည်းရတယ် ..ကဲကျန်တဲ့ညီမလေးတွေစိတ်ဓာတ်မကျနဲ့ကိုယ့်အရည်အချင်းနဲ့ထိုက်တန်တဲ့မှန်မှန်ကန်ကန်ပွဲလေးတွေလာပါစေလို့သာဆုတောင်းပေတော့,ကိုတွေကတော့အမှန်တရားပဲပြောတယ်,အမှန်တရားကိုမြတ်နိုးတယ်...နာဂတိုင်းရင်းသူပွင့်ပွင့်လင်းလင်းပဲ,မှတ်ချက်-တိုက်ဆိုင်သွားရင်sorry

၂။ ကျွန်မသည် ဘယ်သောအခါမှ သူတစ်ပါးအပေါ' မတရားတာ မလုပ်ဘူး,မတရားတာမပြောဘူး,တစ်ခုခုလုပ်မယ်ဆိုရင်ကိုချင်းစာတရားကိုရှေ့ထားပြီးအမြဲစဉ်စားပြီးမှလုပ်တယ်,သူတစ်ပါးထိခိုက်အောင် ဘယ်သောအခါမှမလုပ်ဘူး ,စိတ်ထားကိုးလည်းအတက်နိုင်ဆုံးကောင်းအောင်ထားတယ်,ဘုရားတရားလည်းဘယ်တော့မှမမေ့ဘူး,မိဘကိုလည်းကျွန်မ ငယ်ငယ်လေးထဲကတတ်နိုင်တဲ့အလုပ်နဲ့ရှာကျွေးခဲ့တယ်,ကျွန်မ၅တန်းနှစ်ကတည်းအမေကိုဈေးရေင်းကြွေးတယ်,မနက်လေးနာရီလောက်ဆိုထပြီးစက်ဘီးနောက်ဈေးခြင်းတောင်းထဲငှက်ပြောသီးသင်းသီး,ငှက်ပြောဖူး,ချဉ်ပေါင်တွေထည့်ပြီး တစ်နာရီလောက်နင်းပြီးသွားရတဲ့ခရီးကိုစက်ဘီးနင်းပြီးသွားရောင်းတယ်,နွေရာသီကျောင်းပိတ်ရက်ဆိုရင် မြေပဲသွားနုတ်တယ်,ပုရံတွေလိုက်လုပ်တယ် ,လေယာဉ်ကွင်းလမ်းဖောက်,ဗန်းမော် တက္ကသိုလ် ကျောင်းစဆောက်တော့လည်း ကျွန်မပုရံလုပ်ခဲ့တယ် နေ့ဆိုင်းကောညဆိုင်းကောကျွန်မဆင်းခဲ့တယ်မနက်9နာရီကနေ ည12နာရီအထိ ပုရံဆင်းတယ်,ကျွန်မအမေကလည်းငယ်ငယ်လေးထဲကအကုန်သင်ပေးတယ်စိတ်ဓါတ်ရေးရာကော,အလုပ်အကိုင် ကော ,စည်းကမ်းလည်းအရမ်းကြီးတယ်,အရမ်းလည်ကြောက်ရတယ် အိမ်မှာခြံခတ်ဖို့ကအစကိုယ်တိုင်တောထဲသွားပြီးဝါးခုတ်ရတယ် ,ကိုယ်တိုင်ဝါးထရံ ယက်ပြီးကိုယ်တိုင်ခြံခတ်ရတယ်,ကျွန်မတို့တပ်ထဲမှာ လျှပ်စစ်မီးနဲ့ချက်တယ်ဆိုတာမရှိဘူး , ထင်းခုတ်ရတယ်,ထင်းဆိုတာ ကိုယ့်အိမ်အတွက်လောက်ရုံတင်မကဘူး ရောင်းပါစားရတယ် ကျွန်မတို့ညီမတွေအလုပ်ကိုအဲ့လိုလုပ်ခဲ့တယ် ..ကျွန်မကအိမ်မှာအကြီးဆုံးဆိုတော့အမေကလည်းယောက်ကျားလေးတစ်ယောက်လိုအားကိုးခဲ့တယ် လင်ပန်းခါင်းပေါ'တင်ပြီးတပ်ထဲဈေးပတ်ရောင်းတာဆိုရင် ဆယ်တန်းအောင်ပြီးတဲ့အထိပဲ...သန့်ရှင်းတဲ့ငွေလုပ်အားခနဲ့မိဘကိုကိုတတ်နိုင်သလောက်နဲ့လုပ်ကြွေးခဲ့တယ်...ကျွန်မမလုပ်တတ်တာမရှိသလောက်ပဲ ..အနုပညာကိုငယ်ငယ်လေးထဲကဝါသနာပါတဲ့ကျွန်မက ပထမနှစ်E major နဲ့အောင်ပြီး ရမ်ကုန်ကို အသိတစ်ယောက်ဖြစ်တဲ့အဖွားယောရဲ့အကူအညီနဲ့ ရန်ကုန်ရောက်ပြီး talents & models မှာသင်တန်းတက်ပြီး သင်တန်းဆင်းလက်မှတ်မရခင် အဒေါ' တွေဆီသွာံးပြီး အဲ့ဒီမှာခင်တဲ့သူငယ်ချင်းနဲ့အတူရောင်းပြီးပိုက်ဆံစုတယ် 6 လလောက်နေပြီး စုလို့ရတဲ့ငွေနဲ့ ရန်ကုန်ပြန်လာတယ်အဆောင်နေတယ် သင်တန်းဆင်းလက်မှတ်ရပြီးtalents&models နဲ့၃နှစ်စာချုပ်ခဲ့တယ် ကြားမှာအမေလည်းရှိတဲ့ပိုက်လေးတွေ့ပို့ပေးခဲ့ပါတယ် နောက်ပိုင်းကျွန်မ show ပွဲတွေလျှောက်လာရတော့မတောင်းဖြစ်တော့ဘူးမမိုးကစည်းကမ်းအရမ်းကြီးတယ်အမြဲလဲဆုံးစကားပြောတယ် မမိုးပြောတဲ့စကားအခုထိရင်ထဲမှာရှိပါတယ် သမီးကိုယ့်မိဘကိုရှာကြွေးတဲ့ငွေဟာဖြူစင်သန့်ရှင်းတဲ့ငွေနဲ့ပဲရှာကြွေးပါတဲ့ အဒီစကားကိုအခုထိလက်ကိာင်ထားပါတယ် အဲ့ဒျါကြာင့်ကျွန်မစဥါးစားလိုက်တယ် သြော်ငါငယ်ငယ်လေးထဲကအခုထိသန့်ရှင်းတဲ့လပ်အားနဲ့ရတဲ့ငွေနဲ့ရှာကြွေးခဲ့လို့အရမ်းကြည်နူးတယ် နောက်ပိုင်းပြိုင်ပွဲတွေပြိုင်တယ် miss latacyd. ဆုတွေအခြားtitle ဆုတွေလည်းရတယ်နောက်ဆုံးရခဲ့တဲ့ဆုကတော့ အာဆီဆယ်နိုင်ငံပြိုင်ပွဲ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမှာကျင်းပတဲ့ပွဲကနောက်ဆုံးပွဲပါ မြန်မာပြည်ကိုာယ်စားပြုအနေနဲ့နှစ်ရောက်သွားပြိုင်ပါတယ်အွန်ဆိုင်းနဲ့မာရီနာ ငါ အဲ့ဒီအချိန်တုန်းကfbလည်းခေတ်မစားသေးဘူး နိုင်ငံခြားပွဲဆိုတာမာရီနာတို့အရင်သွားပြိုင်ခဲ့တာပါ အဲံဒီတုန်းကလည်းအခတ်ခဲတွေအများကြီးပါ မာရီနာကိုရမှာမဟုတ်ပါဘူးလို့ပြောတာတွေလည်းကြားပါတယ်တစ်ခုခုဆိုကိုကိုယ်တိုင်ပဲလုပ် ရတယ်သူများနိုင်ငံတွေRehearsalအကြိမ်ကြိမ်လုပ်ရပါတယ်မာရီနာမှာနှစ်မိနစ်လောက်ပဲအပြေးအလွားလုပ်ရတယ် အင်္ကျီလည်းအစဉ်မပြေလို့လည်းအကြိမ်၂ငိုခဲ့ရပါတယ် ဒါပေမယ့်စင်ပေါ'မှာအျကာငါးတုံးယှဉ်ပြိုင်ခဲ့ပါတယ် နောက်ဆုံးစကာတင်၅ယောက်အထိဝင်ခဲ့တယ်မေးခွန်းဖြေတာအားနဲခဲ့လို.ပ,ယူ,တနဲ့လွဲခဲ့ပေမဲ့ အကောင်းဆုံး the best talent ဆုကိုရရှိခဲ့ပါတယ် ...အဲ့ဖဒီပွဲကတော့နောက်ဆုံးပေါ့ အခုတော့ သရုပ်ဆောင်အလုပ်တွေ,photo တွေရိုက် ,သီချင်းလည်းဆိုတယ်,ကြော်ငြာတွေ,ပြက္ခဒိန်.,အနုပညာမှန်သမျှအကုန်လုပ်ပါတယ်,ဒီနိုင်ငံမှာကတစ်ခုထဲနဲဖ့ရပ်တည်လို့မှမရတာနော်..အဲ့ဒီတော့အကုန်တတ်အောင်လုပ်ထားရတာပေါ့နော်..ပြောချင်တာကကျွန်မသန့်ရှင်းစင်ကြယ်တဲ့ငွေ လုပ်အားခနဲ့ အခုတော့ ကျွန်မမိသားစုကို ကျွန်မတက်နိုင်သလောက် လိုလေသေးမရှိအောင်ထားနိုင်တယ် အဲ့ဒီအတွက်ကျွန်မဂုဏ်ယူတယ် ..ကျွန်မမိဘလည်းဂုဏ်ယူတယ်.. ကျွန်မဘယ်လောက်ပင်ပမ်းပါစေ မတရားနည်းနဲ့မချမ်းသာချင်ဘူး မတရားတာနည်းနဲအသက်မမွေးဘူး ကျွန်မမိဘတွေလည်းအဲ့ဒီစိတ်ဓါတ်တွေရိုက်သွင်းထားပြီးသား အရင်တုန်းကတော့ကိုယ့်ပေါ'မတရားလပ်လည်းခေါင်းငုံ့ခံခဲ့တယ် ခံရပါများလာတော့မခံစားနိုင်တော့ဘူး အခုတော့မရတော့ဘူးမတရားတာဆိုရင်လက်ပိုက်ကြည့်နေတော့ဘူး ကျွန်မလည်းပုထုစဉ်လူသားပဲလေဘယ်လောက်ထိသည်းခံနိုင်မှာလည်းနော်...သူငယ်ချင်းတို့လည်းတရားသဖြင့်ရပြီးဖြူစင်တဲ့ငွေနဲ့ကိုယ့်မိသားစု ကိုယ့်လူမျိုးကိုယ့်တိာင်းပြည်အတွက် အကျိုးပြုနိုင်ပါစေ

papawady

ခွေး​လေးနဲ့ အတူတူ ခြေထောက် ပြန်ကောင်းခဲ့တဲ့ သခင်မလေး 

ခွေး​လေးနဲ့ အတူတူ ခြေထောက် ပြန်ကောင်းခဲ့တဲ့ သခင်မလေး 

Lindsey လို့ အမည်ရတဲ့ အသက် ၂၈ နှစ် အရွယ် အမျိုးသမီးဟာ တစ်ချိန်တုန်းက ဂျာမနီ နိုင်ငံက အက ပညာရှင် တစ်ဦး ဖြစ်ပါတယ်။ ပြဇာတ် တစ်ခုမှာ အက အက်ဆီဒန့် တစ်ဦးကြောင့် ခြွေခွင် လွဲသွားပြီး တွန်းလှဲပေါ်မှာသာ နေရတဲ့ ဘဝကို ရောက်သွား ပါတယ်။ 

ဆရာဝန်များက သူမကို ဘယ်တော့မှ လမ်းပြန်လျှောက်နိုင်တော့ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ဖြတ်တောက် ပြီးတော့ ကုသဖို့လိုရင်တောင် လိုအပ်မယ်လို့ ပြောခဲ့ ပါသေးတယ်။ ဖြတ်တောက်ဖို့တော့ သူမ လက်မခံ ခဲ့ ပါဘူး။ ဒါနဲ့ နောက်ဘက် ခြေထောက် မသန်တဲ့ ခွေးတစ်ကောင်ကို မွေးပါတယ်။ သွေးကြော ခဲပြီး နောက်ခြောက်ထောက် နှစ်ဘက် မလှုပ်ရှားနိုင်တဲ့ ခွေးကလေးနဲ့ အတူ နေပြီး ဘဝ ဖြတ်သန်း ပါတယ်။ ခွေးကလေး လမ်းပြန်လျှောက်နိုင်အောင် ကြိုးစား ပေးပြီး သူမက အလိုလို လမ်းလျှောက်လာနိုင်ခဲ့ ပါတယ်။ ထင်မှတ်မထား လောက်အောင် ကျန်းမာရေး ကောင်းသွားပြီး သာမန် လူတစ်ယောက်လို ပြန်ဖြစ် လာပါတယ⁠ယ်။ ဒါကြောင့် သူမဟာ သူမရဲ့ ခွေးကလေးကို လမ်းပြန်လျှောက်နိုင်အောင် ကြိုးစား ပေးရင်း နောက်ဆုံးတော့ ခွေးရော Lindsey ဟာ သာမန် အကောင်း ပကတိ ကို ပြန်ရောက် သွားပါတယ်။ 

သူမဟာ ယခုဆိုရင် သူ ဝါသနာ ပါတဲ့ အက ဘက်ကို ပြန်သွားတော့မှာ ဖြစ်ပါတယ်။ ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့ ကြိုးစားမှုကြောင့် ပြန်ကောင်းလာတဲ့ Lindsey ဟာ အများ လေးစား အတုယူ ရလောက်တဲ့ အမျိုးသမီး တစ်ဦး ဖြစ်လာ ပါတယ်။ 

ရိုးရာ​လေး

Friday, 25 July 2014

ဓမ္မစေတီ ခေါင်းလောင်းကြီး သြဂုတ် ၉ ရက် စတင်တူးဖော်မည်

ဓမ္မစေတီ ခေါင်းလောင်းကြီး သြဂုတ် ၉ ရက် စတင်တူးဖော်မည်

မြန်မာ့ ယဉ်ကျေးမှုအမွေအနှစ် တခုဖြစ်တဲ့ ကမ္ဘာ့အကြီးဆုံးစာရင်းဝင် ဓမ္မစေတီ ခေါင်းလောင်းကြီးကို သြဂုတ် ၉ ရက်နေ့ စတင် တူးဖော်သွားတော့မှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ အောကစ်ဟိုတယ်မှာ ဒီနေ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ တူးဖော်ရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။

ခေါင်းလောင်းကြီးကို မြေပုံ မောင်စံလင်း (ကော့သောင်း) က ဦးဆောင်တူးဖော်သွားမှာဖြစ်ပြီး ခန့်မှန်းချေ ကျပ် သိန်း ၁၈၀၀ ကျော် ကုန်ကျမယ်လို့ ဆိုပါတယ်။
ခေါင်းလောင်းတော်ကြီး ဘယ်နေရာမှာ ရှိတယ်ဆိုတာ အတိအကျ ပြောကြားခြင်းမရှိပဲ သြဂုတ် ၉ ရက်နေ့ကနေ ၂၆ ရက်အထိ တူးဖော်သွားမှာ ဖြစ်ပြီး တူးဖော်ပြီး ၅ ရက်ကြာမှသာ ပြသသွားမယ်လို့ ရှင်းလင်း ပြောကြားခဲ့ပါတယ်။

Monday, 21 July 2014

Power amp music playerကို full version ဖြစ်​​အောင် crackနည်း

Power amp music playerကို full version ဖြစ်​​အောင်​crackနည်း

Poweramp playerဟာလူကြိုက်​များတဲ့ player​ကောင်းတစ်​ခုဖြစ်​ပါတယ်​။playstoreမှာ trial versionကို နှစ်​ပါတ်​အသုံးပြုခွင့်​​ပေးထားပြီး full versionကို​တော့ ဝယ်​ရမှာပါ။ဒါကိုမဝယ်​ပဲ ထုံးစံအတိုင်းcrackကြ hackကြစို့ :D

အသုံးပြုဖို့ ဖုန်းကRoot accessရှိဖို့​တော့လိုအပ်​ပါတယ်။
1. ပထမဆုံး Poweramp player trialကို play storeက​နေ​freeဒေါင်းယူလိုက်​ပါ။
2.​နောက်​poweramp full version unlockerကို ဒီမှာနှိပ်​ပြီးဒါင်းယူပါ။
3.Lucky patcherကို ဒီမှာနှိပ်​ပြီး​ဒေါင်းယူထားပါ။

သုံးခုလုံး​ဒေါင်းပြီးပြီဆိုရင်​ playstoreကfree​ဒေါင်းထားတဲ့  trial versionကိုအရင်​ဖွင့်​ပါ။settingမှာ ဝင်​ကြည့်​ပါက full versionကို buyခိုင်းတာ​တွေ့ရပါလိမ့်​မယ်​။
အာ့ဆိုapkက​နေထွက်​လိုက်​ပါ။
စော​စောက​ဒေါင်းထားတဲ့ lucky patcherနဲ့unlockerနှစ်​ခုစလုံးကို installလုပ်​​ပေးပါ။
lucky patcherကိုrunပါ။
superuser request​တောင်းလာရင်​ allowလုပ်​လိုက်​ပါ။
superuserကခွင့်​ပြုလိုက်​တာနဲ့သူအလုပ်​လုပ်​ပါလိမ့်​မယ်​ ခန​စောင့်​​ပေးပါ။
apk list​တွေ​ပေါ်လာပြီဆိုရင်
powerampကို​နှိပ်​ပြီး open menu of patchကိုဆက်​နှိပ်​ပါ။
custom patchကိုclickပြီး applyလုပ်​ပါ။
patchလုပ်​ပြီးပြီဆိုရင်​ ဖုန်းကို rebootချလိုက်​ပါ။
ဖုန်းပြန်​ပါဝါတက်​လာရင် poweramp ကိုဖွင့်ပြီးsettingကိုပြန်​ဝင်​ကြည့်​လိုက်​ပါ။
purchase verifiedဖြစ်​ပြီးfull versionဖြစ်​​နေတာ​တွေ့ရပါလိမ့်​မယ်​။
Good Luck!!!








ရွှေအိုရောင် Player လှလှလေး - Poweramp Skin Black Gold v1.41 Apk

Music & Video များကိုကြည့်ဖို့အမိုက်စား ရွှေအိုရောင် Player လှလှလေး - Poweramp Skin Black Gold v1.41 Apk
အခုတင်ပေးလိုက်တာကတော့ Phone နဲ့ Music & Video များကိုကြည့်ရှုနားဆင်ခံစားနိုင်တဲ့ Player လေး တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်အခုတင်ပေးလိုက်တဲ့ Player လေးကတော့ ရွှေအိုရောင်လေးပါ။ အတော်လေးကိုလှပါတယ်။ လူတိုင်းမှာမရှိသေးပါဘူးဗျာ။ သူများ နဲ့မတူတာတွေကိုမှ သုံးချင်သူများ သဘောကျ ကြမှာပါ။ Music & Video နဲ့သက်ဆိုင်တဲ့ Format ပေါင်းများ စွာကိုလည်း Support လုပ်ပေးနိုင်ပါတယ်ဗျာ။ အောက်မှာနမူနာပြထားတဲ့ပုံတွေကိုကြည့်လိုက်ပါဦး အမိုက် စားတွေပါပဲ။ Android OS 2.1 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါ တယ်ဗျာ။

credit ကို​ပေါက်
အောက်​ကလင့်​နှစ်​ခုမှာအဆင်​​ပြေတဲ့လင့်​နဲ့​ဒေါင်းယူလိုက်​ပါခင်​ဗျ



htt

Sunday, 20 July 2014

အာဇာနည်​​နေ့၌ကြက်​​ခြေနီအဖြစ်​တာဝန်​ထမ်း​ဆောင်​​နေ​သော ကို​ဝေဠု​ကျော်​နှင့်​ DVBမှသတင်း​ထောက်​တစ်​ဦး က​တောက်​ကဆဖြစ်

အာဇာနည်နေ့တွင် အာ ဇာနည်ကုန်း အလေးပြုသောနေ ရာ၌  ကြက်ခြေနီအဖြစ် တာဝန် ထမ်းဆောင်သော ဝေဠုကျော်နှင့် မီဒီယာသမားတစ်ဦးတို့    က တောက်ကဆဖြစ်ခဲ့ပြီး  ၎င်းအ နေဖြင့် လာရောက်ဂါရ၀ပြုသူများ အဆင်ပြေစေရေးကိုသာ ဦးစား ပေးဆောင်ရွက်ခြင်းဖြစ်ကြောင်း သရုပ်ဆောင်ဝေဠုကျော်က ပြော သည်။

အာဇာနည်ကုန်းပေါ်တွင် ဒီဗီဘီသတင်းဌာနမှ သတင်း ထောက်တစ်ဦးကို အလေးပြုပြီး ပြန်ဆင်းရန် ပြောရာမှ ကတောက်ကဆဖြစ်ပြီး   သတင်းထောက် ကတ်ပြခိုင်းခဲ့ရာ သတင်းထောက် က မကျေနပ်သဖြင့် လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်တွင် ဖြစ်ခဲ့သည့်အ ကြောင်းအရာကို    ရေးတင်ခဲ့ ခြင်းဖြစ်သည်။

ထိုသို့ရေးခြင်းနှင့်ပတ်သက် ၍ ဝေဠုကျော်က လာရောက်ဂါရ ၀ပြုသည့် ပြည်သူများ အဆင်ပြေ ပြေ ဂါရ၀ပြုနိုင်ရေးအတွက်ကို သာ ဦးစားပေးဆောင်ရွက်ခဲ့ပြီး အားလုံးကို တစ်ပြေးညီ ဆက်ဆံ ခဲ့ကြောင်း ပြောသည်။

‘‘ဘယ်မီဒီယာကိုမှ စော် ကားလိုစိတ်မရှိပါဘူး။ သူဘယ် သူလဲဆိုတာလည်း   ကျွန်တော် မသိဘူး။ သူက ကျွန်တော့်ကိုပြော ပါတယ်။ သူက ဒီဗီဘီသတင်း ထောက်ပါတဲ့။ အဲဒါနဲ့ ကျွန်တော် က ကတ်ပြားလေးပြပါလို့ ပြောပါ တယ်။ သူ ကတ်ပြားပြလို့ သတင်း ယူမယ်ဆိုရင်   ယူခွင့်ပေးရမှာ လေ။ သူက ကတ်ပြားမရှိတော့ ဘူး၊ ပျောက်သွားတယ်ဆိုတော့ သူဘယ်သူလဲ ကျွန်တော်မသိဘူး လေ။ အဲဒါကြောင့် ဟိုဘက်က သွားရိုက်ပေးလို့ ကျွန်တော်ပြောခဲ့ တာ။ အဲဒီအပေါ်မှာ သူ့ဘက်က အကောင်းမမြင်တာတော့ ကျွန် တော်လည်း   မတတ်နိုင်ပါဘူး’’ ဟု ၎င်းက ပြောသည်။

မီဒီယာကတ်ပြားပြနိုင်သူကို မောင်းချပါက ၎င်း၏ အမှားဖြစ် ပြီး ၎င်းဘက်မှ မီဒီယာကတ်ပြား မပြနိုင်သောကြောင့် ဂါရ၀ပြု သည့်နေရာတွင် ဓာတ်ပုံရိုက်နေ သူများကဲ့သို့ ဂါရ၀ပြုသည့်နေရာ မှဆင်း၍ တစ်ဖက်တွင် သွား ရောက်ရိုက်ကူးရန် ပြောခဲ့ခြင်းဖြစ်ကြောင်း ဝေဠုကျော်ကပြောသည်။

ကြက်ခြေနီတစ်ဦးအနေ ဖြင့်   နိုင်ငံတော်ပွဲတိုင်းတွင်   ပါ ၀င်လေ့မရှိသော်လည်း အာဇာ နည်နေ့တွင် လာရောက်ဂါရ၀ပြု သူ အလွန်များသောကြောင့် အ ဆင်ပြေပြေ ဂါရ၀ပြုနိုင်ရန် စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်ဟု  ၎င်းက ပြော သည်။

ဝေဠုကျော်သည် ရန်ကုန် တိုင်း ကြက်ခြေနီအဖွဲ့တွင် တပ် ခွဲမှူးရာထူးဖြင့်   စည်းရုံးရေးမှူး တာဝန်    ထမ်းဆောင်လျက်ရှိ သည်။

Credit 7daily

Saturday, 19 July 2014

ဖုံးကွယ်ဖျောက်ဖျက်ခြင်းခံထားရသော ဗိုလ်ချုပ်အောင်ဆန်း၏အဖိုးတန်​မိန့်ခွန်း


ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်း
==========================================
၁၉၆၂ ခုနှစ် မှ ယနေ့အထိ ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း။ အောက်ပါမိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ ခု၊ မတ်လ ၁၃ ရက်၊ နံနက်အချိန်တွင် မင်္ဂလာဒုံ ဗိုလ်သင်တန်း ကျောင်းဆင်းပွဲ၌ ဗမာ့ကာကွယ်ရေး တပ်မတော် စစ်သေနာပတိနှင့် စစ်ဝန်ကြီး ဗိုလ်ချုပ် အောင်ဆန်း ပြောကြားသော မိန့်ခွန်း တစ်ရပ် ဖြစ်သည်။

ရဲဘော်တို့
ယနေ့ ရဲဘော်တို့ အစုအချို့ဟာ စစ်ဗိုလ်လောင်းကလေးများအဖြစ် ဘွဲ့အဆင့်အတန်းကို ခံယူကြရတော့မယ်။ ယနေ့အထိ ရဲဘော်တို့ဟာ ကျောင်းသားများဖြစ်ပြီး တာဝန်ရယ်လို့ မိမိတို့အပေါ်မှာ မရှိကြသေးဘူး။ယနေ့ကျောင်းကထွက်ပြီး ဗမာ့တပ်မတော်အသီးသီး ဋ္ဌာနအသီးသီးမှာ ရာထူး အလုပ်ဝတ္တရားများရတာနဲ့ တစ်ပြိုင်နက် ရဲဘော်တို့ အသီးသီးမှာ ကိုယ့်တာဝန်နှင့် ကိုယ့်ဝတ္တရားနှင့် ဖြစ်သွားပြီ။ ဒီလိုကိုယ့်တာဝန်ကိုယ့်ဝတ္တရားနှင့် ဗမာနိုင်ငံတော်နဲ့ ဗမာ့တပ်မတော်ရဲ့အမှုကို ထမ်းကြတဲ့အခါ ရဲဘော်တို့ကို မှာသင့်မှာ ရာ အချက်တွေကို ငါတို့ မှာကြားလိုတယ်။

ပထမဆုံး ရဲဘော်တို့ကို မှာချင်တာက ငါတို့ အခု ဗမာနိုင်ငံဟာ ကိုယ့်မင်းကိုယ့်ချင်းနိုင်ငံ ဖြစ်တယ်။ ဒို့ တပ်မတော်ဟာ တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံးရဲ့ အကျိုးအတွက်ဖြစ်တယ်။ ဒါကြောင့် ဒီနိုင်ငံ ဒီအကျိုးကို ကာကွယ်ရမယ့် ဗမာ့တပ်မတော်ဟာလည်းဗမာတစ်နိုင်ငံလုံး တစ်မျိုးသားလုံးအတွက် ဖြစ်တယ်ဆို တာ နားလည်ရမယ်။
ဒီတပ်မတော်ဟာ လူတစ်ဦးတစ်ယောက်အတွက် တည်ထောင်ထားတာ မဟုတ်။ တစ်နိုင်ငံလုံး တစ်မျိုးသားလုံးအတွက် ဖြစ်တယ်။ ဒီတပ်မတော်ဟာ တစ်ဖွဲ့ တစ်ပါတီ လူတစ်စုအတွက် တည်ထောင်ထားတာမဟုတ်။ တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံးအတွက် ဖြစ်တယ်။

တကယ့်သစ္စာဖြစ်ရမယ်
ဒီတပ်မတော်ဟာ ရှေးအင်္ဂလိပ်လက်ထက်ကလို ကြေးစားတပ်မဟုတ်။ နိုင်ငံနဲ့ အမျိုးကို ကာကွယ်စောင့် ရှောက်ဖို့ နိုင်ငံနှင့်အမျိုးကို မတင်ပေးဖို့ ဖြစ်တယ်။ ဒါကြောင့် ဒီတပ်မတော်ဟာ နိုင်ငံနဲ့အမျိုးသစ္စာကို အမြဲ စောင့်ရမယ်။ ရှေးကတုန်းကလို တခြားနိုင်ငံ တခြားအမျိုးကို သစ္စာစောင့်တာ မဟုတ်။ အဲဒီလို စောင့်တဲ့ သစ္စာဟာ ၀တ်ကျေ တမ်းကျေစောင့်တဲ့သစ္စာ ဖြစ်တယ်။ အခု ငါတို့ ဟာ ငါတို့အမျိုး၊ ငါတို့နိုင်ငံကို သစ္စာ စောင့်ရမယ်။ ဒါကြောင့် ငါတို့စောင့်တဲ့သစ္စာဟာ တကယ့်သစ္စာ ဖြစ်ရမယ်။ အပေါ်ယံသာ ဖြစ်တဲ့သစ္စာ မဖြစ်ရဘူး။ ဘယ်လို စောင့်ရမလဲ။ ယခုအခါ ရဲဘော်တို့ပေါ်မှာ နည်းလမ်းအတိုင်း အဆင့်ဆင့် ခန့်အပ်ထားတဲ့ အကြီးအမှူးအားလုံးတွေဟာ ဒီနိုင်ငံ ဒီအမျိုးရဲ့ ကိုယ်စားတွေပဲ။ အဲဒီကိုယ်စား နိုင်ငံနဲ့အကျိုးကို သစ္စာစောင့်ခြင်းဟာ ကိုယ့်နိုင်ငံနဲ့ ကိုယ့်အမျိုးကို သစ္စာစောင့်တာပဲ။ ဒီတော့ ရဲဘော်တို့ မေးစရာစကားတစ်ခွန်း ရှိတယ်။ တကယ်လို့ ဒီအကြီးအမှူးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကျိုးငဲ့ပြီး နိုင်ငံနဲ့အမျိုးကို သစ္စာမဲ့ပြီးလုပ်ရင် ဘယ့်နှယ့်လုပ်မလဲ။ ဒီလို ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ နိုင်ငံကို ဆန့်ကျင်တဲ့ အကြီးအမှူးတွေဟာ ကြာကြာ မနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇ၀င်မှာကြည့်လို့ရှိရင် ဘယ်လောက်ကြီးတဲ့ လူဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ်ကျတာချည်းပဲ။ ဒီလိုမတရားတဲ့ အကြီးအမှူးတွေရှိရင် ရဲဘော်တို့ရဲ့အပေါ်မှာလည်း တည်တယ်။ဥပမာ“မတရားတဲ့ အကြီးအမှူးတစ်ယောက်က ၀တ္တရားနဲ့ မဆိုင် တဲ့ နိုင်ငံနှင့် အများအကျိုးနဲ့ မပတ်သက်တဲ့ အမိန့်မျိုးပေးတဲ့အခါ အမိန့်ဟာ နည်းကျမကျ တရား မတရား နိုင်ငံနဲ့အမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။ အဲသလို ကြည့်တဲ့အခါ ကိုယ့် စိတ်ထဲမှာမရှင်းရင် သူ့ထက်ကြီး တဲ့အကြီး အမှူးတစ်ယောက်ကိုဖြစ်ဖြစ် အခြား အကြီးအမှူး တစ်ယောက်ကိုဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်း မှန်တယ် မှားတယ် သိနိုင်ရမယ်။

တော်အောင်ကြိုးစားကြပါ
ကျုပ်အဖို့ပြောရရင် ရဲဘော်တို့ထဲကဖြစ်ဖြစ် အခုတပ်ထဲမှာရှိတဲ့ စစ်သားကလေးကစပြီး အားလုံး ရဲဘော် တွေထဲကဖြစ်ဖြစ် ကျုပ်ထက် အရည်အချင်း၊ အကျင့်စာရိတ္တ၊ အလုပ်အကိုင်၊ နိုင်ငံချစ်စိတ် အမြော်အမြင်ရှိ တယ်လို့ တွေ့တာနဲ့တစ်ပြိုင်နက် ကျုပ်ဟာ အဲဒီလိုတော်တဲ့ လူကိုထိုးတင်ပြီး နောက်လိုက်လုပ်ဖို့ အသင့် ရှိတယ်။ ဒါကြောင့် ရဲဘော်တို့အားလုံး ကြိုးစားကြပါ။ တော်အောင် ကြိုးစားကြပါ။

ရာထူးအဆင့်အတန်း
ကနေ့ ရဲဘော်တို့အားလုံးကို စိတ်ထဲမှာရှိတဲ့အတိုင်း ပြောပြမယ်။ ယခုအခါ ငါတို့ထဲမှာ နိုင်ငံအတွက် အမျိုးမျိုး အနစ်နာ ခံဖူးတဲ့လူတွေ ရှိတယ်။
ငါတို့သိတာလည်း ရှိတယ်။ မသိတာလည်းရှိတယ်။ သို့သော်လည်း ရှေးကသာ ဒီလိုအနစ်နာခံပြီး အခုအလုပ်မလုပ်ရင် ဘယ်သူမှ မတိုးတက်နိုင်ဘူး။ အကယ်၍ အခုလည်း အလုပ်လုပ်တယ်။ ရှေးကလည်း အနစ်နာခံဖူးတယ်ဆိုရင် ဒီလိုလူမျိုးဟာ လူများတကာထက် တိုးတက်မှာအမှန်ပဲ။ ကနေ့ဆိုင်ရာ လူကြီး တွေ မသိသေးလို့ မတိုးတက်သေးရင် နောက်တစ်နေ့ တိုးတက်မှာပဲ။ တကယ်တော်တဲ့ သူတွေဟာ ဘယ်သူမှ နှိမ်ထားလို့ မရပါဘူး။ ကိုယ့်ကိုယ်ကိုလည်း သိဒ်္ဓိတင်နေစရာ မလိုဘူး။ လူကြီးတွေကိုလည်း မျက်နှာလုပ်စရာ မလိုဘူး။ ဒါပေမဲ့ နီပွန်က ပြန်လာလို့ စစ်ကျောင်းကဆင်းလို့ ရှေးက အနစ်နာခံဘူးလို့ဆို ပြီး ယခုအခါ အလုပ်ကောင်းကောင်း မလုပ်ရင် ဘယ်သူမှတက်မှာ မဟုတ်ဖူး။ ဒီ့ပြင်လူတွေအတွက် ကျုပ် မပြောနိုင်ပေမယ့် ဗမာ့တပ်မတော်မှာ ကျုပ်အခု နေရာမှာ တာဝန်ယူနေသမျှ အခု ကျုပ်ပြောခဲ့တဲ့စနစ်က တစ်ဆံခြည်မှ ခွာမသွားဘူး။ ရွေ့မသွားဘူးဆိုတာ အားလုံး သိစေချင်တယ်။ ဒါက ရာထူးအဆင့်အတန်း တိုးတက်တာနဲ့ ပတ်သက်ပြီး ရဲဘော်တို့ကို သိဖို့ ပြောပြခြင်းပဲ။

တန်ခိုးပြဖို့မဟုတ်
တခြားမှာကြားလိုတဲ့ အချက်ကတော့ ပြောနေကြစကားပဲ။ ဒါပေမဲ့ ထပ်ပြီး အဓိပ္ပာယ် လေးနက်အောင် ပြောလိုက်ဦးမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဖို့မဟုတ်။ လက်နက် အားကိုး တန်ခိုးပြဖို့မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံ ဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံ မဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနဲ့ နားလည်အောင် ပြောပြတာပဲ။ ဒီစကားကို ကျုပ်ပြောတာက စစ်တပ်ကို ကျုပ်ပြန်နှိမ်ချင်တဲ့ သဘောနဲ့ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင်လူတွေ ဖြစ်ကြသော်လည်း မတရားမလုပ်။ နိုင်ငံရဲ့ ရန်သူတွေ မဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေတွေဆိုတာ အားလုံး သဘောပေါက်အောင် ပြောပြခြင်းပဲ။

အမှန်ပြောရရင် လူတွေဟာပုထုဇဉ်တွေဘဲ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှဉ်းချင်တဲ့စိတ်ရှိတယ်။ အားနည်းတဲ့သူတွေကလည်း အားနည်းတဲ့အခါတုန်းကတော့ အားကြီးနေတဲ့လူကို လက်နက်အားကိုး အာဏာအားကိုး လုပ်ချင်တယ်ပြောကြတာပဲ။ မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျတော့ အရင်တုန်းက ပြောတာတွေမေ့ပြီး တစ်မျိုးလုပ်ကြတာပဲ။ ဒါ ထုံးစံပဲ။ ငါတို့က ဒီလိုမဟုတ် အားနည်းတဲ့အခါလည်း အားကြီးတဲ့လူကို မတရားရင်မကြောက်။ အားကြီးတဲ့အခါ လည်း အားငယ်တဲ့လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင်တယ်။ ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံ ဖြစ်တယ်လို့ ပြောတာပဲ။ နိုင်ငံဟာ ဘာလဲ။ နိုင်ငံဟာ အမျိုးပဲ။ အမျိုးဟာ ဘာလဲ။ အမျိုး ဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ နိုင်ငံရဲ့အကျိုးကို လုပ်ပြီး နိုင်ငံရဲ့အမှုကို ဘယ်ခါမဆို ထမ်းမယ်ဆိုတဲ့လူ အား လုံးပဲ။ ဒီနေရာမှာ လူမျိုးရေးတရား အစစ်ကို ပြောပြချင်တယ်။

မှန်ကန်သော လူမျိုးရေးတရား
လူမျိုးရေးတရားဆိုတာ ဘာလဲ။ ကိုယ့် အမျိုးသာချစ်ပြီး ဒီ့ပြင် လူမျိုးတွေကို မုန်းထားတာ လူမျိုးရေး တရား ပဲလား။ မဟုတ်ဘူး။ ကိုယ့်အမျိုးချစ်ရုံနဲ့ ဒီ့ပြင် လူမျိုးကို လည်းမုန်းဖို့မလိုဘူး။ သို့သော်လည်း ကိုယ့် အမျိုး အကျိုးကို လာထိတဲ့လူတွေကိုတော့ အတွင်းကလူဖြစ်ဖြစ် အပြင်ကလူဖြစ်ဖြစ် တိုက်ခိုက်နှိမ်နင်းရမှာပေါ့။ ဒါက ငါတို့ အမျိုးရဲ့ ရန်သူအဖြစ်သာ နှိမ်နင်းခြင်း ဖြစ်တယ်။ ဘယ်လူမျိုး၊ ဘယ်သူဘယ်ဝါဆိုပြီး နှိမ်နင်း တာ မဟုတ်ဘူး။ရာဇ၀င်ကိုကြည့်ရင် ကမ္ဘာ့လူမျိုးတွေဟာ အချင်းချင်းတိုက်တဲ့အခါ တိုက်ကြတာတွေ့ရမှာပဲ။ မတည့်သည့်အခါ တိုက်ကြတဲ့အခါ တိုက်ကြရမှာပေါ့။ ဒါပေမဲ့ တခြားလူမျိုးတွေကို မုန်းတာဟာ လူမျိုးရေးလို့ထင်တာ တစ်ထစ်ချမှားတယ်။ ကျုပ်တို့ဟာ မဆိုင်တဲ့ တခြားလူမျိုးတွေကို မုန်းဖို့မလိုဘူး။ ကျုပ်တို့ နိုင်ငံအတွင်းမှာလည်း တိုင်းရင်းသားအချင်းချင်း ဗမာပဲ၊ ရှမ်းပဲ၊ ကရင်ပဲ၊ ချင်းပဲ စသည်ဖြင့် ခွဲစရာ မလိုဘူး။ငါတို့တတွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နဲ့အတု ဟုတ်တာနဲ့ မဟုတ်တာ ခွဲခြားသိရမယ်။ လူ မျိုးရေးတရားဖြစ်ဖြစ် ဘာဖြစ်ဖြစ် အမှန်တရားကို ယူတတ်ရမယ်။ ဒါက လူမျိုးရေး တရားနဲ့ပတ်သက်ပြီး ကျုပ်မှာချင်တာပဲ။
ဇာတိမာန် ကောင်းကောင်းထားတတ် အောင်လုပ်ကြပါ။ ကိုယ့်နိုင်ငံကိုချစ်ပါ။ ဗမာတွေက လူဖျင်းတွေ၊ လူပျင်းတွေ၊ လူကြောက်တွေ၊ လူပိုတွေ၊ လူရိုင်းတွေ၊ လူ့ဂွစာတွေ လူ့မတရားတာတွေ ဒီလို ကမ္ဘာမှာ အထင်ခံရအောင် မလုပ်ပါနဲ့။ ဗမာတွေဟာ ဒီလို မဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူကြပါ။ အဲဒါ ကျုပ် လူမျိုးရေးတရားနဲ့ ပတ်သက်ပြီး မှာချင်တာပဲ။

လူကြီးဆိုတာဘာလဲ
နောက်မှာချင်တာက ရှေ့ကို ရဲဘော်တို့ဟာ လူကြီးဖြစ်နေပြီ။ လူကြီးဆိုတာ ဘာလဲ။ အသက်ကြီးတာကို ဆိုလိုတာလား။ မဟုတ်ဘူး။ အသက်မကြီးပေမယ့် လုပ်တဲ့ အလုပ်ကြီးရင် လူကြီးပဲ။ အခု ငါတို့ ရဲဘော် တို့ရဲ့အလုပ်ဟာ ငါတို့နိုင်ငံရဲ့ အချုပ်အခြာ အာဏာ ဒါတွေကို ငါတို့ရင်မြေက တုတ်လုပ် ပြီး ကာကွယ်ဖို့ ပဲ။ ဒီထက်ကြီးတဲ့အလုပ် ရှိနိုင်ပါဦးမလား။ မရှိနိုင်ဘူး။ ဒါကြောင့် ငါတို့ဟာ လူကြီးစိတ်ပေါက်ရမယ်။ အစစ အရာရာ ဆင်ခြင်တတ်ရမယ်။ ကောင်းသည် မကောင်းသည် တော်သည် မတော်သည် ဟုတ်သည် မဟုတ်သည်ကို ဆင်ခြင် တိုင်းထွာနိုင်ရမယ်။ အခု ငါတို့အချို့ အလုပ်တွေက သက်သေပြနေတယ်။ ဘေး ကလူတွေ ပြောတိုင်း အရမ်းမယုံကြနဲ့။ စူးစမ်းဆင်ခြင် ပြီးမှ ယုံကြရမယ်။ ငါတို့ဝတ္ထရားနဲ့မဆိုင်တဲ့အကျယ် အကျယ် ဖြစ်မယ့်ကိစ္စဆိုရင် ငါတို့ ရှောင်ရမယ်။ဘယ်လို ဘေးကလူက ဗိုလ်ကြီးရဲ့ ... ဘာကြီးရဲ့...နဲ့လာမြှောက်ပေးပေး ငါတို့မပါရဘူး။ ၀တ္တရားနဲ့ ငါတို့ တော့မဆိုင်ဘူး။ ဒါပေမဲ့ ကောင်းတဲ့ကိစ္စ တရားတဲ့ကိစ္စ လူအများကျေးဇူးတင်မယ့် ကိစ်္စဆိုရင် ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး လျစ်လျူမရှုပါနဲ့။ ကူညီပေးကြပါ။ ဆွေမျိုး ကိစ္စ မိတ်ဆွေကိစ်္စတွေဟာ ကိုယ်တာဝန်လုပ်တဲ့ အရေးမှာ မနှောင့်ယှက်ပါစေနဲ့။

ဘယ်တော့မှသစ္စာမဖောက်
နောက်ပြီး မှာချင်တာက ပြောခဲ့တဲ့အတိုင်း ကိုယ့်ကိုယ်ကို အထင်မကြီးပါနဲ့။ ဒီမှာ သင်လိုက်တာတွေဟာ ပညာကုန်ပြီ မယူဆကြနဲ့။ ပညာဟာ ဘယ်တော့မှ ကုန်တယ်မရှိဘူး။ လူမျိုးဖြစ်ဖြစ် နိုင်ငံဖြစ်ဖြစ် လူတစ်ဦးတည်းဖြစ်ဖြစ် တိုးတတ်မှုဟာ လက်ရှိအခြေအနေနဲ့ အားမရဘဲ တင်းမတိမ်ဘဲ ရှေ့ဆက်လက် ကြိုးစား မှသာ တိုးတတ်မှု ဖြစ်နိုင်တယ်ဆိုတာ ရာဇ၀င်သမိုင်းတွေက ကောင်းကောင်း ပြထားတယ်။ ကိုယ်ပိုင် ဥဏ်နဲ့ စဉ်းစားကြည့်လည်း သိနိုင်တာပဲ။ ဒါကြောင့် ဘယ်ဟာကိုမှ လှေနံဓားထစ် မယူပါနဲ့။အထင်မကြီး ပါနဲ့။

ဒီထက်တိုးအောင် လုပ်ကြပါ။ အခု ငါတို့နိုင်ငံဟာ လွတ်လပ်တယ်ဆိုပေမယ့် ဟန်မကျတာတွေ အများ ကြီးပဲ။ ကျုပ်မှာလည်း ချွတ်ယွင်းချက်တွေ ရှိတာပဲ။ ကိုယ့် ချွတ်ယွင်းချက်ကို ကိုယ်ပြင် ကြရမယ်။ သို့ပေ မယ့် ကျုပ် ရဲဘော်တို့ကို ကတိ တစ်ခုပြုမယ်။ နိုင်ငံနဲ့ အများအကျိုးရဲ့သစ္စာကို ကျုပ် ဘယ်တော့မှမဖောက်။ ရဲဘော်တို့ ထဲကဖြစ်ဖြစ် ဒီ့ပြင်ထဲကဖြစ်ဖြစ် ကျုပ်ထက် တော်တဲ့လူ ထွက်ပြနိုင်ပါစေ။ ကျုပ် ဖယ် ပေးဖို့ အသင့်ပဲ။

စစ်သားမှစစ်သားဆိုတဲ့စိတ်ကို ဖျောက်ကြ
နောက်ဆုံးတစ်ခုမှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့ စိတ်ဓာတ် မထားကြဖို့ပဲ။ ဒီနိုင်ငံမှာ ဖြစ်ဖြစ် ဒီ့ပြင်နိုင်ငံမှာ ဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်တဲ့ လူတွေ ရှိကြတာမဟုတ်ဘူး။ တခြား စစ်သား မဟုတ်ပေမယ့် နိုင်ငံအတွက် အမျိုးမျိုး အနစ်နာခံ၊ အမျိုးမျိုး စွန့်စားလုပ်ကြတဲ့ လူတွေလည်း ရှိတာပဲ။ အဲဒါကြောင့် စစ်သား မှစစ်သားဆိုတဲ့ စိတ်သဘောထားကို ပြောင်းကြရမယ်။ သို့ပေမယ့် တစ်ခု နားလည်စေချင်တယ်။ ကျုပ်ဟာ စစ်တပ်ကို မတရား နှိမ်မယ်။ လူလည်လုပ်မယ်။ စစ်တပ်ရဲ့ အခွင့်အရေးများကို မတရား ချိုးဖျက်မယ်ဆိုရင် ကျုပ် အစွမ်းကုန်ကြိုးစား တိုက်ဖျက်မယ် ဆိုတာ ရဲဘော်တို့သိစေချင်ပါတယ်။ ကနေ့ ဒီမှာပြော တာတွေကို အားလုံး စစ်သားတွေသိပါစေ။ သိအောင် ပြောပြကြပါ။ အဲဒါ နောက်ဆုံးမှာကြားခြင်းပဲ။

Credit : Myanmar Community