ထိုင်းနိုင်ငံသို့ တရားမဝင်ဖြတ်သန်းရန် စီစဉ်နေသူများကို အချိန်မီတားဆီး
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®
တာချီလိတ် ဇူလိုင် ၁၅
ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက် အလုပ်လုပ်ကိုင်မည့်သူများကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ စစ်ဆေးတွေ့ရှိသဖြင့်တားဆီးခဲ့ပြီး ပညာပေးအစီအစဉ်များပြုလုပ်ကာ နေရပ်သို့ ပြန်လွှတ်ခဲ့ကြောင်း သိရသည်။
လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု (တောင်ကြီး၊ ကျိုင်းတုံ)ပူးပေါင်း အဖွဲ့သည် ဇူလိုင် ၁၁ ရက်နံနက် ၈ နာရီက ယာဉ်မောင်းရွှေတိုးမောင်းနှင်သော မိုးကုတ်မာန် ခရီးသည်တင်ယာဉ်ဖြင့် လိုက်ပါလာသောမောင်ခွန်ပျင်း (၂၆ နှစ်)၊ မောင်ခွန်ကျော်မြင့်(၃၀ နှစ်)၊ မောင်ခွန်ဘဲုင်ဂျော့ (၁၉ နှစ်)၊ မနန်းဖစ်(၂၃ နှစ်)၊မနန်းခမ်းဗွေ(၃၁ နှစ်)၊ မနန်းဒွိ (၂၇နှစ်)၊ ဆီဆိုင်မြို့နယ် ပါလောပါကယ်အုပ်စု ကံကော်ရွာနေ အမျိုးသားသုံးဦးနှင့် အမျိုးသမီး သုံးဦးကို အမှတ်(၁) ချစ်ကြည်ရေးတံတားမှ တစ်ဖက်နိုင်ငံသို့ ဖြတ်သန်းရန် စီစဉ်နေသည်ကို တွေ့ရှိ့ရသဖြင့် လည်း ကောင်း၊ နံနက် ၁၁ နာရီခွဲတွင်မန်းရတနာပုံ(မန္တလေး-တာချီလိတ်)လေယာဉ်ခရီးစဉ်ဖြင့် လိုက်ပါလာသော မခင်ဝင်း(၃၀ နှစ်)၊ မခိုင်ခင်ဦး (၂၈ နှစ်)၊ မောင်ကျော်အောင် (၂၆နှစ်)၊ မောင်အောင်ဘ (၂၇နှစ်)၊ မောင်အောင်ရွှေ (၂၅ နှစ်)၊ နောင်ချိုမြို့နယ် သံခေါ်ရွာနေသူ အမျိုးသားလေးဦးနှင့် အမျိုးသမီးနှစ်ဦးတို့အားလေဆိပ်တာဝန်ကျ ဒုတပ်ကြပ် အေးထွန်းဦးက စိစစ်နိုင်ရန် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တပ်ဖွဲ့စိတ်(၁)ရုံးသို့ ခေါ်ဆောင်စစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးမေးမြန်းချက်အရ ၎င်းတို့၁၂ ဦးသည် တာချီလိတ်နှင့် ထိုင်းနိုင်ငံတွင် ဆွေမျိုးသားချင်းများမရှိဘဲ ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်လျက်ရှိသော ရွာနီးစပ်ရှိသူများ၏အဆင်ပြေမှုကြောင့် ၎င်းတို့ကလည်းထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်ရန်လာရောက်ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ထို့ကြောင့် ထိုင်းနိုင်ငံသို့ တရားမဝင်အလုပ်လုပ်ကိုင်ရန် သွားရောက်ကြမည့်အဖွဲ့အား လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့က တားဆီးခဲ့ပြီး တပ်ဖွဲ့စိတ်မှူး ဒုရဲမှူး ရင်ရင်အေးက တစ်ဖက်နိုင်ငံသို့ တရားမဝင် သွားရောက်ခြင်း သည် နှစ်နိုင်ငံဥပဒေကို ကျူးလွန်ရာ ရောက်ကြောင်း တရားမဝင်သွားရောက်ပါက လူမှောင်ခိုမှု ကျူးလွန်ကြောင်း၊ ထိုမှတစ်ဆင့် လူကုန်ကူးမှုဖြစ်ပွားတတ်ပုံ၊ လူကုန်ကူးခံရပါက ရရှိနိုင်သည့် ဆိုးကျိုးများနှင့် လူကုန်ကူးမှု ဆိုင်ရာ ပြစ်မှုများကို အသိပညာပေးဟောပြောခဲ့ပြီး ယာဉ်မောင်းကိုစိုင်းမောင်းနှင်သော ရှမ်းရွှေလီ ယာဉ်ဖြင့် ၎င်းတို့ ၁၂ ဦးကို နေရပ်သို့ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရသည်။
credit MOI webportal
No comments:
Post a Comment