ရထားသံလမ်းကြားချေချော်ကျတဲ့ အမျိုးသမီးအားကူညီရန် ရထားကိုဝိုင်းဝန်းတွန်း၍စောင်းအောင်ပြုလုပ်ကာကူညီကြသူများ
ဂျပန် မှာဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်လေးတစ်ခုပါ။
တစ်နေ့ တိုကျိုမြို့မှာ ပြေးဆွဲနေတဲ့ မီးရထားတစ်စင်းဟာ Nampo မြို့ကိုရောက်လို့ ခရီးသည်တွေ ဆင်းဖို့လုပ်နေစဉ် အမျိုးသမီးတစ်ဦး ခြေချော်ပြီး ပလတ်ဖေါင်းနှင့် မီးရထားသံလမ်းကြားထဲသို့ ခြေထောက်ချော်ကျသွားပြီး ပြန်ထုတ်လို့ ရထားမှာပါလာတဲ့ခရီးသည်တွေ အားလုံးဝိုင်းဝန်းပြီး ရထားကြီးကို ဘေးစောင်းအောင် ၀ိုင်းတွန်းထားကြပြီး အမျိုးသမီးခြေထောက်ကို ခက်ခက်ခွဲခွဲ ဆွဲထုတ်လိုက်လို့ အမျိုးသမီးဟာ ခြေထောက်မပြတ်ခဲ့ရပါဘူး။
ဘာပဲပြောပြော သူတို့တွေရဲ့ စုပေါင်းလုပ်ကိုင်တတ်တဲ့ စိတ်ဓါတ်လေးက ချီးကျူးစရာပါ။
No comments:
Post a Comment