လောက၌လူသာမန်တို့ကြံစည်မရ စကောင်းနိုင်
သော အရာများမြောက်များစွာ ရှိလေသည်။ထိုထဲ
တွင်အောက်ဖော်ပြပါပုံ ထဲကသစ်သားဆုံကြီးလည်း
ပါကောင်းပါ ပါလိမ့်မည်။
အောက်ပါပုံများက တောင်ကြီးမြို့နယ်
သစ်ပင်ထောင်ရွာ ၏ မြောက်ဘက် မန်ကျည်းပင်ရွာ၊
မန်ကျည်းပင် ရေထွက် ထဲကထူခြားသော သစ်သား
ဆုံတစ်လုံးဖြစ်သည်။ထိုသစ်သားဆုံကြီးက နှစ်ပေါင်း
တစ်ရာ လောက်ရှိခဲ့ပြီဟုဆိုသည်။ယင်းဆုံက ထိုနေရာ
၌သာနေသည်။အချို့အိမ်သယ် သွားဖူးသည်။မနက်
ဆိုလျှင် ထိုနေရာသို့ပြန်ရောက်နေသည်။ရဲဘော်များ
က ယင်းဆုံကို ယူသွားပြီး သံကြိုးများဖြင့် ချည်နှောင်
ထားရာ မနက်ဆိုလျှင်ထိုနေရာ၌ပြန်ရောက်
နေပြန်သည်ဟုရွာခံများကပြောပြကြသည်။
ရေထွက်ထဲ၌ ငါးကြောင် များ ၆၀၀ခန့်လောက်ရှိ
သည်။မည်သူမျှ ထိုငါးများဖမ်းမရ။
ဦးတိုးဆိုသူက အဝတ်လျှော်နေရင်း ငါးတစ်ကောင် ပြုတ်ကြလာရာ အမြည်းရတာပဲဆို၍ အိပ်ထဲထည့်သည်။
နောက်တစ်ကောင်ကြလာပြန်၍ ထည့်လိုက်ပြန်သည်။
သုံးကောင်ပြီးမှာတော့ငါးမဟုတ်တော့ဘဲမြွေဖြစ်နေ
၍ကြောက်အားလန့်အားနှင့်ထပြေးလေရာ အိပ်ထဲက
ငါးများလည်းမရှိတော့ဟုဆိုသည်။
ရဲဘော်များကငါးများကိုသေနတ်ဖြင့်ပစ်ဖမ်းကြရာ
လက်မြှောက်၍မရတော့ဘဲပြန်တောင်းပန်မှ ကောင်း
သွားကြသည်တဲ့။အမွေးတိုင်ထွန်းတာလည်း မကြိုက်
ဟုဆိုသည်။ဗမာပြည်ဖက်က လူတစ်ယောက်
အရက်သောက်ပြီး အမွေးတိုင်ထွန်းရန် လုပ်နေသည်
ကိုရွာခံများတားကြရာ ထိုသူကနားမထောင်ဘဲ
ထွန်းသည်။ထိုတွင်ရေကန်ထဲသို့ တွန်းချခံရသည်။
'ငါအမွေးတိုင် ထွန်းပေးတာတောင်ငါ့ကိုတွန်းချ
ရသလား' ဟုဆိုကာ ဆဲရေးတိုင်းထွာ လုပ်မိရာ
အသက် သေသည်အထိဖြစ်ခဲ့ရသည်ဟုဆိုသည်။
ရေထဲကဆုံကြီးက ထိုနေရာ၌အမြဲနေသည်။မိုးတွင်း
ရေများတက်လာလျှင်လည်း ရေပေါ်လည်း မပေါ်လာ
အောက်လည်းထပ်မမြှုပ်။သို့သော်အခါအားလျော်စွာ
အနီးဝန်ကျင်သို့လည်သွားတတ်သည်။အချိန်တန်လျှင်
တော့မူလနေရာသို့ရောက်မြဲရောက်နေသည်။မျောပါ
၍လည်းမသွားပါ။
သာမန်အားဖြင့်တွေးကြည့်လျှင် ထိုဆုံ၌ အစောင့်
ရှိ၍သာထိုသို့ဖြစ်ပျက်နေခြင်း ဖြစ်နိုင်သည်။ဆုံ၌
အစောင့်ဖြစ်ရခြင်းမှာ လည်းအစွဲအလမ်းတစ်စုံတစ်ရာ
ကြောင့်ဖြစ်နိုင်လေသည်။ထိုကြောင့် ရွာခံများက
ပူဇော်ပသခြင်းအမှုထက် စေတနာကောင်းထားကာ
ကျွတ်ရာကျွတ်ကြောင်း ကုသိုလ်ကောင်းများပြုလျှက်
အမျှအတမ်းပေးဝေလျှင် ပို၍သင့်တင့်ကောင်းမွန်
နိုင်ပါသည်ဟုထင်မိပါတော့သည်။
(ဗဟုသုတရစေရန် တင်ပြလိုက်ပါသည်။)
credit : သံလွင်တွင်း
No comments:
Post a Comment